News

တီးတိန္ၿမိဳ႕က PDF ေလးေတြရဲ႕ ေနထိုင္ရာ စခန္းကို ရစရာမရွိေအာင္ ရက္ရက္စက္စက္ ဖ်က္ဆီးခံထားရတဲ့ ဗီဒီယိုဖိုင္

တီးတိန္ၿမိဳ႕က PDF ေလးေတြရဲ႕ ေနထိုင္ရာ စခန္းကို ရစရာမရွိေအာင္ ရက္ရက္စက္စက္ ဖ်က္ဆီးခံထားရတဲ့ ဗီဒီယိုဖိုင္

ခုဆိုရင္ ျမန္မာႏိုင္ငံရဲ႕ ေနရာအႏွံ႔အျပားမွာ PDF လို႔ေခၚတဲ့ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ အဖြဲ႕အစည္းေတြ ေပၚေပါက္လာတာကို ေတြ႕ျမင္ရပါတယ္ ။ PDF အဖြဲ႕ေတြမွာ လူငယ္မ်ိဳးဆက္သစ္ေတြ အမ်ားဆုံးပါဝင္ၿပီး ကိုယ့္ၿမိဳ႕ ကိုယ့္ေဒသကို ကာကြယ္ဖို႔ အတြက္ သူတို႔ရဲ႕ အသက္ေတြကို စေတးကာ တက္သစ္စ သူတို႔ ဘဝေလးေတြကို အဆုံးရႈံးခံၿပီး လက္နက္ကိုင္ကာ ပါဝင္ေနၾကတာပါ ။

ဒီလို အရာရာ စြန႔္လႊတ္ၿပီး ေတာထဲမွာပဲ ဘဝေတြကို ေပးဆပ္ဖို႔ဆိုတာ ထင္သေလာက္ မလြယ္ကူပါဘူး အစားအေသာက္ အေနအထိုင္က အစ ႀကဳံသလို စားရသလို ခုလို မိုးရာသီမွာဆို ပိုလို႔ေတာင္ အဆင္မေျပၾကတာပါ ။ မိုးေရထဲမွာပဲ ေလဒဏ္ ၊ မိုးဒဏ္ ၊ အေအးကို ေတာင့္ခံၿပီး အိပ္စက္ခဲ့ရတဲ့ ညေတြလည္း ရွိၾကပါတယ္ ။ ဒါေၾကာင့္လည္း ျပည္သူေတြက သူတို႔ေလးေတြအတြက္ လိုအပ္တာေတြ ေထာက္ပံ့ေပးလ်က္ရွိပါတယ္။

ဒီေန႔မွာေတာ့ တီးတိန္ၿမိဳ႕က PDF ေလးေတြရဲ႕ စခန္းတစ္ခုကို Zomi Revolutionary Army ( ZRA ) အဖြဲ႕က မီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔သိရပါတယ္ ။ ျပည္သူေတြ စုေပါင္းလႉဒါန္းထားတဲ့ စားနပ္ရိကၡာေတြအျပင္ လက္နက္ပစၥည္းဖိုးေတြအပါအဝင္ စုစုေပါင္း သိန္း (၂၀၀) ဝန္းက်င္ရွိတယ္လို႔သိရပါတယ္ ။

ျပည္သူေတြ အားလုံး ဝိုင္းဝန္းလႉဒါန္းထားတာေလးေတြမို႔ အရမ္း ႏွေျမာတသ စိတ္မေကာင္းျဖစ္ေနၾကတယ္လို႔လည္း သိရပါတယ္ ။ ပရိသတ္ႀကီးအတြက္ တီးတိန္ၿမိဳ႕က PDF စခန္း ဖ်က္ဆီးခံရတဲ့ ဗီဒီယိုေလးကို ေဝမွ်ေပးလိုက္ပါတယ္ ။

Crd

Unicode

တီးတိန်မြို့က PDF လေးတွေရဲ့ နေထိုင်ရာ စခန်းကို ရစရာမရှိအောင် ရက်ရက်စက်စက် ဖျက်ဆီးခံထားရတဲ့ ဗီဒီယိုဖိုင်

ခုဆိုရင် မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ PDF လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာကို တွေ့မြင်ရပါတယ် ။ PDF အဖွဲ့တွေမှာ လူငယ်မျိုးဆက်သစ်တွေ အများဆုံးပါဝင်ပြီး ကိုယ့်မြို့ ကိုယ့်ဒေသကို ကာကွယ်ဖို့ အတွက် သူတို့ရဲ့ အသက်တွေကို စတေးကာ တက်သစ်စ သူတို့ ဘဝလေးတွေကို အဆုံးရှုံးခံပြီး လက်နက်ကိုင်ကာ ပါဝင်နေကြတာပါ ။

ဒီလို အရာရာ စွန့်လွှတ်ပြီး တောထဲမှာပဲ ဘဝတွေကို ပေးဆပ်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူပါဘူး အစားအသောက် အနေအထိုင်က အစ ကြုံသလို စားရသလို ခုလို မိုးရာသီမှာဆို ပိုလို့တောင် အဆင်မပြေကြတာပါ ။ မိုးရေထဲမှာပဲ လေဒဏ် ၊ မိုးဒဏ် ၊ အအေးကို တောင့်ခံပြီး အိပ်စက်ခဲ့ရတဲ့ ညတွေလည်း ရှိကြပါတယ် ။ ဒါကြောင့်လည်း ပြည်သူတွေက သူတို့လေးတွေအတွက် လိုအပ်တာတွေ ထောက်ပံ့ပေးလျက်ရှိပါတယ်။

ဒီနေ့မှာတော့ တီးတိန်မြို့က PDF လေးတွေရဲ့ စခန်းတစ်ခုကို Zomi Revolutionary Army ( ZRA ) အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ် ။ ပြည်သူတွေ စုပေါင်းလှူဒါန်းထားတဲ့ စားနပ်ရိက္ခာတွေအပြင် လက်နက်ပစ္စည်းဖိုးတွေအပါအဝင် စုစုပေါင်း သိန်း (၂၀၀) ဝန်းကျင်ရှိတယ်လို့သိရပါတယ် ။

ပြည်သူတွေ အားလုံး ဝိုင်းဝန်းလှူဒါန်းထားတာလေးတွေမို့ အရမ်း နှမြောတသ စိတ်မကောင်းဖြစ်နေကြတယ်လို့လည်း သိရပါတယ် ။ ပရိသတ်ကြီးအတွက် တီးတိန်မြို့က PDF စခန်း ဖျက်ဆီးခံရတဲ့ ဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ် ။

Crd