News

ပြည်သူတွေအပေါ်မှာ ရိုင်းပြမိလို့ ဝေဖန်ခံနေရတဲ့ ရဲဘော်တစ်ဦးနဲ့ပတ်သက်ပြီး သူတို့ရဲ့သဘောထားကို ထုတ်ပြန်ကြေညာလိုက်တဲ့ တပ်စုခေါင်းဆောင်

ပြည်သူတွေအပေါ်မှာ ရိုင်းပြမိလို့ ဝေဖန်ခံနေရတဲ့ ရဲဘော်တစ်ဦးနဲ့ပတ်သက်ပြီး သူတို့ရဲ့သဘောထားကို ထုတ်ပြန်ကြေညာလိုက်တဲ့ တပ်စုခေါင်းဆောင်

 

တောထဲမှာစစ်ပညာသင်ယူနေတဲ့ ရဲဘော်တစ်ယောက်ကတော့ လတ်တလောမှာ ပြည်သူတွေရဲ့ဝေဖန်ခြင်းခံနေရတာ ဖြစ်ပါတ ယ် ။ သူကတော့ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က လူမှုကွန်ယက်စာ မျက်နှာထက်မှာ Live လွှင့်ပြီး စကားအပြောအဆို မှားယွင်းမိသွားတာကြောင့်ပဲ ဖြစ်ပါတယ် ။

ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ သူက တောထဲမှာခိုလှုံရင်းနဲ့ ပုံတွေ၊Live တွေတင်နေတာကို ပြည်သူတွေက ရဲဘော်တွေရဲ့လုံခြုံရေးကြောင့် မလုပ်သင့်ကြောင်း ဝေဖန်ထောက်ပြရာကနေ အခုလိုကိစ္စတွေ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ် ။

 

 

 

အခုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်စုခေါင်းဆောင်တစ်ယော က်က သူတို့ရဲ့သဘောထားကို ပြန်လည်ပြောပြထားတာ ဖြစ်ပါတယ် ။ တပ်စုခေါင်းဆောင်က ပြည်သူတွေအပေါ်မှာ စကား ပြောရိုင်းပြသွားတဲ့ ရဲဘော်ကို ပစ်ပယ်လောက်တဲ့အထိ မလုပ်နိုင်ပေမယ့်လည်း ထိုက်သင့်တဲ့ဆုံးမမှုပေးသွားမှာဖြစ်ကြောင်း ပြောထားတာ ဖြစ်ပါတယ် ။

ခေါင်းဆောင်က အဲ့ဒီရဲဘော်နဲ့ စကားကြာကြာမပြောဖူးပေမယ့် “သူက တပ်ထဲမှာ ဝါးခုတ်သစ်ခုတ်၊ မိလ္လာတွင်း၊စစ်ကျင်း၊ နှီးဖျာတဲထိုးအကုန် ဒေါင်ကျကျ ပြားကျကျ လုပ်နိုင်ပြီး ကြိုးစားတဲ့လူလို့သိထားတယ်” လို့ ဆိုပါတယ်။

 

 

 

ဒါကြောင့် သူပြောဆိုခဲ့တဲ့ကိစ္စကို သေချာမေးပြီး နောက်နောင်ဒီလိုမဖြစ်ရအောင် လမ်းမှန်ကိုတင်ခွင့်ပြုပါလို့ ခေါင်းဆောင်ကတောင်းပန်ထားတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ပုံတင်ခွင့်ပိတ်ထားပြီး စကားအပြောအဆိုမှားခဲ့တဲ့ ရဲဘော်ကို ဆရာတွေအနားခေါ်ပြီး ဆုံးမသွန်သင်ပေးမှာဖြစ်ကြောင်း ပြောထားတာလည်း တွေ့ရပါတယ်။

အခုလိုအချိန်မှာ ကိုယ့်ဘက်ကပုံစံနဲ့ အချင်းချင်း စိတ်ဝမ်းကွဲအောင်လုပ်မှာကို ကြောက်မိပါတယ်လို့လည်း တပ်စုခေါင်းဆေ ာင်က ပြောကြားခဲ့တာ ဖြစ်ပါတယ် ။

crd#original writer