Celebrity News

အဆိုတော် ဘင်ဂျမင်ကိုဗစ်ရောဂါ ပျောက်ကင်းသွားပြီဖြစ်ကြောင်းနဲ့ ဆေးကုသနေစဉ် သူကြုံတွေ့ခဲ့ရပုံတွေကို ပြောပြ

ပရိသတ်ကြီးရေ Myanmar Idol season (4) ရဲ့ Top(3) finalists တစ်ယောက်ဖြစ်တဲ့ ချင်းတိုင်းရင်းသားလေး အဆိုတော် ဘင်ဂျမင် ကိုသိကြမယ်ထင်ပါတယ်။ သူက ငယ်ရွယ်တဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပေမယ့် အရွယ်နဲ့မလိုက်အောင် အနုပညာ အရည်အချင်း ပြည့်ဝတဲ့ သူဖြစ်တဲ့အတွက် ပရိသတ်အများစုရဲ့ အားပေးဝန်းရံမှု ရရှိထားတဲ့ သူတစ်ယောက်ပါ။ 

ဘင်ဂျမင်က အခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေမှာလည်း လူငယ်တစ်ယောက်ပီပီ ပါဝင်အားဖြည့်နေတဲ့ သူလည်းဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် တတ်နိုင်သရွေ့ကူညီပေးနေတဲ့သူပါ။ မကြာခင်က ဘင်ဂျမင်ဟာ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရပြီး ဆေးကုသမှု ခံယူခဲ့တာလည်းဖြစ်ပါတယ် ။ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး (၁၄) ရက်မြောက်နေ့မှာတော့ ရောဂါရှိမရှိပြန်လည် စစ်ဆေးကြည့်ရာ negative ဖြစ်ကြောင်း သိရှိရပါတယ် ။

ဒါ့အပြင် ကိုဗစ်ရောဂါ ကုသနေစဉ်ကာလ တစ်လျှောက် သူရဲ့ အတွေ့အကြုံတွေကိုလည်း ခုလိုပြောကြားထားပါသေးတယ် ။ ” ကျနော် ကိုဗစ် positive ဖြစ်တယ်ဆိုတာ သိသိချင်း home quarantine ဝင်ကြတယ်၊ ၁၀ ရက်ပြည့်တဲ့နေ့မှာ ကိုဗစ်ပြန်စစ်တယ် positive ပဲ ပြန်ပြတယ်။ အဲ့နောက် ၄ ရက် ထက်စောင့်လိုက်တယ်၊ ပြန်စစ်တယ် ဒီနေ့ပေါ့ ၁၄ ရက်ပြည့်တဲ့နေ့မှာ ဘုရားရှင်ကျေးဇူးတော်ကြောင့် ခုက Negative ဖြစ်သွားပါပြီ။ Negative ပြပြီးဆိုပေမယ့် (home quarantine) ၇ရက်တော့ နေရအုံးမယ်၊ အဲ့ပြီးတဲ့ခါကျရင်‌တော့အမေ့ဆီမှာ အိမ်ပြန်လို့ရပါပြီ။” ဆိုပြီးပြောကြားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Zawgyi

ပရိသတ္ႀကီးေရ Myanmar Idol season (4) ရဲ႕ Top(3) finalists တစ္ေယာက္ျဖစ္တဲ့ ခ်င္းတိုင္းရင္းသားေလး အဆိုေတာ္ ဘင္ဂ်မင္ ကိုသိၾကမယ္ထင္ပါတယ္။ သူက ငယ္႐ြယ္တဲ့

 

ေက်ာင္းသားတစ္ေယာက္ ျဖစ္ေပမယ့္ အ႐ြယ္နဲ႕မလိုက္ေအာင္ အႏုပညာ အရည္အခ်င္း ျပည့္ဝတဲ့ သူျဖစ္တဲ့အတြက္ ပရိသတ္အမ်ားစုရဲ႕ အားေပးဝန္းရံမႈ ရရွိထားတဲ့ သူတစ္ေယာက္ပါ

 

ဘင္ဂ်မင္က အခုလက္ရွိျဖစ္ေပၚေနတဲ့ နိုင္ငံေရး အေျခအေနေတြမွာလည္း လူငယ္တစ္ေယာက္ပီပီ ပါဝင္အားျဖည့္ေနတဲ့ သူလည္းျဖစ္ၿပီး စစ္ေဘးေရွာင္ျပည္သူေတြအတြက္ တတ္နိုင္သေ႐ြ႕ကူညီေပးေနတဲ့သူပါ။ မၾကာခင္က ဘင္ဂ်မင္ဟာ

 

ကိုဗစ္ေရာဂါပိုး ကူးစက္ခံခဲ့ရၿပီး ေဆးကုသမႈ ခံယူခဲ့တာလည္းျဖစ္ပါတယ္ ။ ကိုဗစ္ေရာဂါ ကူးစက္ခံရၿပီး (၁၄) ရက္ေျမာက္ေန႕မွာေတာ့ ေရာဂါရွိမရွိျပန္လည္ စစ္ေဆးၾကည့္ရာ negative ျဖစ္ေၾကာင္း သိရွိရပါတယ္ ။

 

ဒါ့အျပင္ ကိုဗစ္ေရာဂါ ကုသေနစဥ္ကာလ တစ္ေလွ်ာက္ သူရဲ႕ အေတြ႕အႀကဳံေတြကိုလည္း ခုလိုေျပာၾကားထားပါေသးတယ္ ။ က်ေနာ္ ကိုဗစ္ positive ျဖစ္တယ္ဆိုတာ သိသိခ်င္း home quarantine ဝင္ၾကတယ္၊ ၁၀ ရက္ျပည့္တဲ့ေန႕မွာ ကိုဗစ္ျပန္စစ္တယ္ positive ပဲ ျပန္ျပတယ္။

 

အဲ့ေနာက္ ၄ ရက္ ထက္ေစာင့္လိုက္တယ္၊ ျပန္စစ္တယ္ ဒီေန႕ေပါ့ ၁၄ ရက္ျပည့္တဲ့ေန႕မွာ ဘုရားရွင္ေက်းဇူးေတာ္ေၾကာင့္ ခုက Negative ျဖစ္သြားပါၿပီ။ Negative ျပၿပီးဆိုေပမယ့္

 

(home quarantine) ၇ရက်တော့ ေနရအုံးမယ္၊ အဲ့ၿပီးတဲ့ခါက်ရင္ေတာ့အေမ့ဆီမွာ အိမ္ျပန္လို႔ရပါၿပီ။ ဆိုၿပီးေျပာၾကားထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။