Celebrity News News

မီးလောင်းပြာကျသွားတဲ့ ပေါက်မြို့နယ် ကင်းမရွာအတွက် သူ့ဆီမှာ ကူညီလှုဒါန်းကြဖို့ တောင်းဆိုလာတဲ့ အိစိကွေး

မီးလောင်းပြာကျသွားတဲ့ ပေါက်မြို့နယ် ကင်းမရွာအတွက် သူ့ဆီမှာ ကူညီလှုဒါန်းကြဖို့ တောင်းဆိုလာတဲ့ အိစိကွေး

 

ကလေးသရုပ်ဆောင်ဘဝကနေ ယခုအချိန်ထိ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အိစိကွေးတစ်ယောက်ကတော့ အောင်မြင်မှုတွေ ရယူဆဲဖြစ်ပါတယ်။လက်ရှိအချိန်ကာလတစ်ခုကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်တန့်ထားပြီး ပရိတ်သတ်တွေနဲ့ အတူရပ်တည်ကာ မိမိတတ်စွမ်းသ ၍ ကူညီလှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

 

 

 

စစ်ကောင်စီမှ အာဏာသိမ်းကာစကတည်းက ပြည်သူတွေနဲ့အတူ အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်ပြတဲ့နေရာမှာလ ည်း တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပါတယ်။ ​စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း ကိုယ်တိုင်သွားရောက်လှူဒါန်းမှုတွေပြု လုပ်လျက်ရှိပါတယ်။

 

 

 

စေတနာရှင်ပြည်သူတစ်ချို့ လှူဒါန်းမှုတွေကိုလည်း စစ်ဘေးရှောင်ပြည်သူတွေဆီကို ကိုယ်တိုင်သွားရောက်ပြီး တစ်ဆင့်လှူဒ ါန်းမှုတွေကို ပြုလုပ်ပေးလျက်ရှိပါတယ်။ယနေ့မှာတော့ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ပေါက်မြို့နယ်က ကင်းမရွာလေးကို ကူညီလှူဒါန်းဖို့အတွက် သူကိုယ်တိုင်ဦးဆောင်ကာ လှူဒါန်းကြဖို့ တိုက်တွန်းလာခဲ့ပါတယ်။

 

 

 

“မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် ကင်းမရွာမှာ မီး လောင်ခဲ့ပြီး ရွာထဲကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ မသန် စွမ်းတဲ့ ပြည်သူတွေအကုန် မီးထဲမှာ သေဆုံးခဲ့ရပါတယ် အိမ် ခြေ ၂၅၀ ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ရှိပါတယ်။

 

 

 

ကျွန်တော်တို့ ကူရအောင်ဗျာထုံးစံအတိုင်း တစ်ယောက်ကို ၁၀၀၀ ၂၀၀၀ကစ ပြီး လှူလို့ရပါတယ် ?? လူတိုင်း အခက် အခဲဖြစ်နေတာ သိပေမယ့် ၁၀၀၀ ဆိုတဲ့အတိုင်းအတာက စုလိုက်ရင် အကျိုးရှိတဲ့ အလှူဖြစ်မှာပါ “ဟူ၍ ရေးသားထားပြီး သူ့အနေနဲ့ ရွာလေးမို့လို့ဆိုပြီး မျက်နှာမလွှဲကြပါနဲ့ဗျာ ဆိုပြီးတောင်းဆိုလာခဲ့ပါတယ်။

ငွေတွေကို K pay – 09965180220မှ တစ်ဆင့် လှူဒါန် းနိုင်သလို Wave money – 09965180220မှလ ည်း လှူဒါန်းနိုင်တဲ့အကြောင်း သူရဲ့ လူမှုစာမျက်နှာကနေ အလှူ ခံတိုက်တွန်းထားပါတယ်။

 

 

crd#original writer