Celebrity News

ကောင်းမှုကုသိုလ်များစွာပြုလုပ်ရင်း ပြည်သူများအတွက်ပါ မေတ္တာပို့သပေးနေတဲ့ မေကဗျာ

အနုပညာလောကမှာ ဆယ်စုနှစ်မက အောင်မြင်ခဲ့တဲ့ သရုပ်ဆောင် မေကဗျာ ကိုတော့ လူတိုင်းကချစ်ခင် အားပေးလျက်ရှိပါတယ် ။ ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦး ဖြစ်တဲ့ မေကဗျာ ကတော့

 

 

ဗီဒီယို ခေတ်ကနေစပြီး ခေါင်းဆောင် မင်းသမီး နေရာကနေ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူး အောင်မြင်ခဲ့တာ ဖြစ်ပြီး ဘယ်ဇာတ်ရုပ်ကို မဆို အကောင်းဆုံး ပီပြင်အောင် လုပ်ဆောင် နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူထားနိုင်သူ တစ်ယောက်ပါ ။

ဒါ့အပြင် မေကဗျာက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုလည်း ဦးဆောင်လုပ်ကိုင်နေတာဖြစ်နေတဲ့အပြင် Live sales တွေလည်း ပြုလုပ်ရင်း ပရိသတ်တွေရဲ့ အချစ်ကိုရရှိနေတာဖြစ်ပါတယ်။

 

 

မေကဗျာက သူမရဲ့ လုပ်အားခလေးတွေနဲ့လည်း အလှူဒါနတွေကိုလည်း မကြာခဏဆိုသလို ရက်ရက်ရောရော လုပ်တတ်တဲ့အပြင် မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်နေတတ်သူလေးပါ ။

ဒီနေ့မှာလည်း မိသားစုလိုက် အေးချမ်းတဲ့ ဘုရားရိပ် တရားရိပ်မှာ ကောင်းမှုကုသိုလ်များစွာ ပြုလုပ်နေကြောင်း ရေးသားဖော်ပြလာပါတ ယ် ။ သူကိုယ်တိုင်လည်း ယောဂီဝတ်ရင်း မြန်မာပြည်သူပြည်သားများအားလုံးအတွက်ပါ မေတ္တာပို့သ ဆုတောင်းပေးနေကြောင်းကို ”

 

 

မိသားစု အားလုံးတရားရိပ်မှာ အဖွားဆရာလေးအတွက် ကုသိုလ်ပြုပါ သာ့သနာ့ဘောင်ဝင် ယောဂီဝတ်ရင်း မြန်မာပြည်သူပြည်သားများအားလုံးအတွက် မေတ္ထာပို့ဆုတောင်းပေးပါတယ် ” လို့ဆိုပြီး ရေသားဖော်ပြထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit