Articles

စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဆီ အန္တရာယ်အခက်အခဲတွေကြားက အရောက်သွားပြီး စောင့်ရှောက်ကူညီနေကြတဲ့ ကျန်းမာရေးဝန်ထမ်းမျာ

စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဆီ အန္တရာယ်အခက်အခဲတွေကြားက အရောက်သွားပြီး စောင့်ရှောက်ကူညီနေကြတဲ့ ကျန်းမာရေးဝန်ထမ်းများ

အခြေအနေတွေအမျိုးမျိုးကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး ပြည်သူတွေတော်တော်များများကလည်း အသက်ဘေးအန္တ ရာယ်ကင်းလွတ်ဖို့အတွက် ရှိသမျှတွေကို စွန့်ပစ်ခဲ့ရပြီး တောထဲတောင်ထဲမှာ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်..။

 

 

နေအိမ်ကိုစွန့်ခွာကာ စစ်ဘေးရှောင်နေကြတာကြောင့် အစစအ ရာရာခက်ခဲနေကြပြီး အစားအသောက်အပြင်နဲ့ နေထိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကအစ အကူအညီ အများအ ပြားလိုအပ်နေကြတာလည်း ဖြစ်ပါတယ်..။

ပြည်သူတွေကတော့ စစ်ရှောင်နေသူတွေအတွက် အဘက်ဘက်ကနေ ပံ့ပိုးကာ လှူဒါန်းမှုတွေပြုလုပ်နေသလို ကျန်းမာရေးဝန် ထမ်းတွေကလည်း အခက်အခဲဖြစ်ပြီး ကုသမှုလိုအပ်နေသူတွေဆီ အရောက်သွားကာ ကူညီစောင့်ရှောက်နေကြတာ တွေ့ရပါတယ်..။

 

 

ကျန်းမာရေးမိသားစု – မန္တလေး၏ အရေးပေါ်ဆေးကုသရေးအဖွဲ့တွေဟာ ချင်းပြည်နယ်မှ စစ်ဘေးသင့်ပြည်သူများကို သွား ရောက်ပြီးကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြပါတယ်..။

ကျန်းမာရေးမိသားစု – မန္တလေး အဖွဲ့ဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ ဆိုးသွမ်းရက်စက်မှုတွေကြောင့် ပင်ပန်းဆင်းရဲမှုတွေနဲ့ ဒုက္ခရောက်ကာ ပြေးလွှားရှောင်ပုန်းနေကြရတဲ့ မြန်မာ နိုင်ငံ၊ ဒေသအသီးသီးမှ စစ်ဘေးသင့်ပြည်သူများအတွက် ဆေးပစ္စည်းများနဲ့ လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ပေ းပို့လှူဒါန်းနေတာလည်း ဖြစ်ပါတယ်..။

 

 

ထို့အပြင် အရေးပေါ်ဆေးကုသရေးအဖွဲ့များ ဖွဲ့စည်းပြီး ချင်းပြ ည်နယ်သို့ သွားရောက်ကာ စစ်ဘေးသင့်ပြည်သူများကို ဆေး ကုသမှုပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းနဲ့ အရေးပေါ်ဆေး ကုသနည်း သင်တန်းများ ပို့ချပေးနေတာလည်း တွေ့ရပါတယ် ..။

crd#original writer