News

မြန်မာရိုးရာလက်ဝှေ့သင်ခန်းစာအချို့ကိုတော့တွေ့ပါရဲ့ ဒါပေမယ့်ဆရာမပါတော့ လေ့လာရတာအဆင်မပြေခဲ့ဘူးဟုပြောပြလာတဲ့ ဒေဗ့်

ထိုင်းလူမျိုးတွေကမွေထိုင်းကိုသင်ကြားခဲ့ပြီးအခုမှဘာလို့မွေထိုင်းမကောင်းကြောင်းပြောနေတာလဲဆိုပြီးလာမေးကြတယ်ဗျ။တကယ်တော့အဲ့တာကနားလည်မှုလွဲနေတာပါ။

ကျွန်တော်အရင်ဆုံးလေ့လာတတ်မြောက်ခဲ့တဲ့တိုက်ခိုက်ရေးပညာကမွေထိုင်းမဟုတ်ပဲ နပမ်းပညာဖြစ်ခဲ့တယ်ဗျ။ကနေဒါမှာကျွန်တော်နေခဲ့တုန်းကလဲ နပမ်းပွဲတွေအများကြီးယှဉ်ပြိုင်ခဲ့ဖူးတယ်။ပြီးတော့တရုတ်ရိုးရာကွန်ဖူးပညာရပ်တွေကိုလေ့လာဖြစ်တယ်ဗျ။

အဲ့ဒီမှာကျွန်တော့်ကိုကွန်ဖူးသင်ပေးတဲ့ဆရာကတိုက်ခိုက်ရေးပညာရပ်တွေအကြောင်းရေးထားတဲ့ ဂျာနယ်တစ်ခုကိုပြတယ်ဗျ။အဲ့ထဲမှာအရမ်းကိုစိတ်ဝင်စားဖို့ကောင်းတဲ့မြန်မာ့ရိုးရာလက်ဝှေ့အကြောင်းရေးထားတယ်ဗျ။ပြောရရင်မွေထိုင်းဆိုတာထက်မြန်မာ့လက်ဝှေ့ကိုကျွန်တော်ကသင်ချင်ခဲ့တာပါ။

ဒါပေမယ့်ကနေဒါမှာက မြန်မာ့လက်ဝှေ့သင်ပေးတဲ့နေရာမှမရှိပဲဗျ။မွေထိုင်းကိုလေ့ကျင့်ပေးတဲ့နေရာတွေကအများသားဆိုတော့မေါထိုင်းကိုအရင်လေ့လာဖြစ်ခဲ့တာပေါ့။Youtube ကနေမြန်မာရိုးရာလက်ဝှေ့သင်ခန်းစာအချို့ကိုတော့တွေ့ပါရဲ့ ဒါပေမယ့်ဆရာမပါတော့ လေ့လာရတာအဆင်မပြေခဲ့ဘူးဗျာ။

အဲ့ဒါနဲ့ကျွန်တော်မြန်မာပြည်ကိုသွားဖို့ကြိုးစားခဲ့တယ်။ဒါပေမယ့်မြန်မာပြည်မှာကရိုးရာလက်ဝှေ့မထိုးဖူးရင်နာမည်မရှိသေးရင် နိုင်ငံခြားသားလက်ဝှေ့သမားတစ်ယောက်အနေနဲ့ရပ်တည်ဖို့မလွယ်ဘူးလေ။အဲ့တာနဲ့ထိုင်းက Tiger မွေထိုင်းကလပ်မှာမွေထိုင်းလေကျင့်ရင်းမွေထိုင်းပွဲတွေထိုးသတ်ရင်းမြန်မာပြည်ကိုသွားဖို့အခွင့်အရေးကိုစောင့်နေရတာပေါ့ဗျာ။

အခုတော့အခွင့်အရေးရပြီးမြန်မယ့လက်ဝှေ့ကိုလဲကောင်းကောင်းသင်ယူလို့ရနေပါပြီ။ထိုင်းပြည်သူတွေအနေနဲ့အခုဆိုရင်တော့ရှင်းရှင်းလင်းလင်းနားလည်သွားနိုင်ပြီထင်တယ်ဗျာလို့ဒေဗ့်ကပြောပါတယ်။

Crd