Celebrity News

လမ်းမှာတွေ့တဲ့ သက်ကြီးသံဃာတော်တစ်ပါးကို တတ်နိုင်သလောက်လှူဒါန်းမှုပြုခဲ့တဲ့ ရဲလေးမ

ပရိသတ်တွေရဲ့အချစ်တော် ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် ရဲလေးမကတော့ ဒီနေ့ ဇွန်လ (၁၅)ရက်နေ့မှာ ပီတိဖြစ်ဖွယ်အလှူလေးတစ်ခုပြုလုပ်ခဲ့တဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ ရဲလေးမကတော့ ကိုယ်တိုင်ကလည်း အရမ်းကိုအဆင်ပြေချမ်းသာနေတဲ့သူတစ်ယောက်မဟုတ်ပေမဲ့ အခါအခွင့်သင့်ရင်သင့်သလို အလှူအတန်းတွေကို ပြုလုပ်လေ့ရှိတဲ့ သူတစ်ယောက်ပါ။

ဒီနေ့မှာလည်း ရဲလေးမက လမ်းသွားနေရင်းလမ်းမှာတွေတဲ့ သက်ကြီးဝါကြီးသံဃာတော်တစ်ပါးကို သူတတ်နိုင်သလောက်အလှူလေးအဖြစ် ဝတ္ထုငွေ (၅၀၀၀)ကျပ်နဲ့ကော်ဖီမစ်တစ်ထုပ်ကို လှူဒါန်းပေးခဲ့တာပါ။ ရဲလေးမကတော့ သူကိုယ်တိုင်လည်း လက်ရှိအချိန်မှာ အခက်အခဲတွေရှိနေပြီး ပြေလည်နေတာတော့မဟုတ်ပေမဲ့ သက်ကြီးရွယ်အိုတွေကိုတွေ့ရင်သနားလို့ ရှိတာမရှိတာအသာထား လှူချင်စိတ်တစ်ခုတည်းနဲ့ လှူခဲ့တာမို့ ပကာသနမဲ့တဲ့ ဒီနေ့အလှူလေးကို ပရိသတ်တွေ သာဓုခေါ်ဆိုပေးခဲ့ကြဖို့လည်း တောင်းဆိုထားခဲ့ပါသေးတယ်။

ရဲလေးမကတော့ အမြဲတမ်းလိုလို အလှူအတန်းကြီးတွေထက် အခုလို ပကာသနမဲ့တဲ့ အလှူလေးတွေကို ကြုံကြိုက်တိုင်းပြုလုပ်တတ်တဲ့ မွန်မြတ်လှတဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားပြီး ချီးကျူးဖွယ်ကောင်းလှတဲ့သူတစ်ယောက်ပါ။ CeleZone ပရိသတ်ကြီးတွေလည်း ပရိသတ်အချစ်တော် ရဲလေးမရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။