Celebrity News News

သူမဆီကို အကူအညီလာတောင်းခံကြသူတွေ အရမ်းများပြီး ပြန်လည် မကူညီနိုင်လို့ စိတ်မကောင်းဖြစ်ရကြောင်း ဝမ်းနည်းစွာ ပြောပြလာတဲ့ စူးရှထက်

စူးရှထက်ကတော့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့ အတူ အမှန်တရားဘက်ကနေ ရပ်တည်ကာ လူထုလှုပ်ရှားမှုကြီးကို အားကြိုး မာန်တက် လုပ်ဆောင်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။

ပြည်သူတွေအားလုံး စည်းလုံးညီညွှတ်စွာ ပြုလုပ်ကြတဲ့ နွေဦးတော်လှန်ရေးမှာ စူးရှထက်က လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေ ပြုလုပ်သလို အလှူအတန်းမှာလည်း လက်မနှေးတဲ့ သူပဲ ဖြစ်ပါတယ်။

 

သူမရဲ့ ချွေးနည်းစာ ငွေကြေးနဲ့ အလှူအတန်းတွေ ပြုလုပ်နေတာ ဖြစ်ပြီး အလှူရှင်တွေနဲ့ စုပေါင်းကာ ဒီလိုကာလမှာ အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေ အတွက် ကိုယ်တိုင် သွားရောက် လှူဒါန်းကုသိုလ်ပြု နေတာလည်း ဖြစ်ပါတယ်။

 

သူကိုယ်တိုင်လည်း ချွေတာခဲ့သလို သူမရဲ့ကားကိုတောင် ရောင်းချကာ လိုအပ်တဲ့နေရာတွေကို လှူဒါန်းပေးနေသူ တစ်ယောက်ပါ ။

မကြာခင်နာရီပိုင်းလောက်က သူမရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ အကြောင်းအရာလေးတစ်ခုကိုရေးသားဖော်ပြလာပါတယ် ။

 

သူမဆီကို ဒုက္ခရောက်လို့ အလှူလာခံကြသူတွေ များပြားကြောင်းနဲ့ သူမအနေနဲ့လည်း ဖြစ်နိုင်ရင်အကုန်ကူညီချင်ပေမယ့် အခုအချိန်မှာ ဆိုင်လည်း မဖွင့်နိုင်သေးတာကြောင့် အဆင်မပြေမှုတွေများစွာရှိနေလို့ ပြန်လည်မကူညီနိုင်တာ များစွာစိတ်မကောင်းဖြစ်နေမိကြောင်းကို ”

အခက်ခဲဖြစ် နေတဲ့သူတွေကိုအကုန်ကူညီချင်တာပါ တကယ်စိတ်ရင်းနဲ့ပါ ကိုယ်ကလဲ သူဋ္ဌေးမဟုတ်တော့အကုန်မကူညီနိုင်တော့လို့ပါ အမှန်တိုင်းပြောပြမယ် အမှန်တိုင်းပြောလို့လဲအထင်သေးမယ်ဆိုလဲအထင်သေးလို့ရပါတယ် ကိုယ့်မှာပိုင်ဆိုင်တာဆိုလို့ ဆိုင်လေးရယ်

ကားလေးရယ် ကားလေးကလဲ ရောင်းလှူလိုက်လို့ကုန်သွားပါပြီ ရှိတဲ့ဆိုင်လေးကလဲနိုင်ငံရေးမကောင်းလို့ ပိတ်ထားရတယ် ဆိုင်ဖွင့်liveလွှင့် ရောင်းလို့ရပေမဲ့ အများဒုက္ခရာက်နေချိန် မိုးခါးရေ မသောက်ရက်ပါဘူး ဆိုင်ကလဲ ဒီလကုန် စာချုပ် ချုပ်ရမယ်ဆက်ဖွင့်ရမလား

ပိတ်လိုက်ရမလားမသိနဲ့ ကျွန်မ လမ်းတွေပျောက်နေပါတယ်  ကျွန်မကရှိလို့လှူတာမဟုတ်ပါဘူး ကိုယ့်စားမဲ့ထဲက လျှော့စားပြီလှူတာပါ ဒုက္ခရောက်နေတဲ့ သူတွေဘယ်လောက်များနေလဲဆိုတာ  သိပါတယ် တစ်နေ့

တစ်နေ့ ကျွန်မ cb မှာ စာတွေအဆောင်ပေါင်းမနည်းဘူး ကူညီချင်ပါတယ် အရမ်းကို ကူညီချင်တာပါ ကျွန်မမှာ တကယ်မရှိတော့လို့ပါ ဒီစာရိုက်ရင်း ကျွန်မဆန္ဒ တွေမပြည့်ဝလို့ မျက်တွေကျနေရပါတယ် မကူညီနိုင်တော့ လို့ တောင်းပန်ပါတယ်ရှင့် ”

ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း စူးရှထက်တစ်ယောက်လည်း အဆဆအရာရာ အဆင်ပြေပါစေ ဆုတောင်းပေးလိုက်ပါတယ် ။