Celebrity News

စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အလှမယ်သူဇာဝင့်လွင်

ပရိသတ်ကြီးရေ Miss Universe (2020)ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအလှမယ်တစ်ယောက်အဖြစ်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် သူဇာဝင့်လွင်ကတော့ လက်ရှိအမေရိကန်နိုင်ငံမှာပဲ ဆက်လက်နေထိုင်နေပါတယ်။

သူဇာဝင့်လွင်က လတ်တလောအမေရိကန်နိုင်ငံမှာ နေထိုင်နေစဉ် မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လှူဒါန်းနိုင်ရန် အမေရိကန်ရောက် မြန်မာများ တိုင်းရင်သားများနဲ့အတူ ရန်ပုံငွေပွဲတစ်ခုပြုလုပ်ရာမှာ သူကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။

ရန်ပုံငွေပွဲလေးကိုတော့ ပြီးခဲ့တဲ့ ဇွန်လ (၁၃)ရက်နေ့က ဆန်ဖရန်စစ္စကိုဘေးအနီးမှာရှိတဲ့ Karen community မှဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။

Karen community ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက် ဆေးဝါးပစ္စည်းတွေ ပံ့ပိုးနေတဲ့အဖွဲ့အစည်းဖြစ်ပြီး အခုတစ်ခေါက်မှာလည်း ရရှိလာတဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက်

ဆေးဝါးပစ္စည်းနဲ့ လိုအပ်တာတွေ လှူဒါန်းမှာဖြစ်တဲ့အတွက် သူဇာဝင့်လွင်က သူကိုယ်တိုင် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ချင်တာကြောင့် ဒီပွဲလေးမှာ ပါဝင်ခဲ့တာပါတဲ့။

သူဇာဝင့်လွင်ကတော့ ဒီရန်ပုံငွေပွဲလေးမှာ သူ့ရဲ့ပုံပါတဲ့ T-Shirt အင်္ကျီလေးတွေမှာ သူကိုယ်တိုင်လက်မှတ်ထိုးရောင်းချပေးခဲ့တာဖြစ်ပြီး အင်္ကျီရောင်းရတဲ့ အမြတ်ငွေ(၁၄)သိန်းကျပ်ကို ဆေးဝါးလှူဒါန်းမယ့် အစီစဉ်မှာ ထပ်မံလှူဒါန်းပေးခဲ့တာပါ။

သူဇာဝင့်လွင်ကတော့ အခုလို သူတတ်နိုင်တဲ့ ဘက်ကနေ သွေးချင်းမောင်နှမတွေအတွက် လိုအပ်တာတွေကူညီလှူဒါန်းပေးနိုင်ဖို့ ကြိုးစားခွင့်ရတဲ့ အတွက် ကျေနပ်ပီတိဖြစ်မိကြောင်းလည်း ဖော်ပြထားခဲ့ပါသေးတယ်။

CeleZone ပရိသတ်ကြီးရေ သူဇာဝင့်လွင်တစ်ယောက် ရန်ပုံငွေပွဲမှာ ပါဝင်ခဲ့တဲ့ မှတ်တမ်းတင်ပုံလေးကိုလည်း မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။