Celebrity News

အလှူရှင်တွေနဲ့ စုပေါင်းပြီး စစ်ဘေးရှောင် စခန်းတွေအတွက် စားစရာများ သွားရောက် လှူဒါန်းခဲ့တဲ့ ဆောင်းယွန်းစံ

သရုပ်ဆောင် ဆောင်းယွန်းစံ ကတော့ အလှူရေစက် လက်နဲ့မကွာဆိုသလို ကုသိုလ်ရေးမှာ ရှေ့ဆုံးကနေ ဦးဆောင် လှူဒါန်းနေသူတစ်ဦးဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး လူတိုင်းအပေါ်လည်း ကူညီချင်စိတ်ရှိသူ  ဖြစ်တာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာပါ။  ဒီလိုကာလမှာလည်း အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေ အတွက် လိုအပ်တာများကို မကြာခဏ လှူဒါန်းပေးရင်း တတ်နိုင်သလောက် ရရာနေရာကနေ ပါဝင်နေသူ တစ်ယောက်ပါ ။

Photo Credit : Saung Yoon San Facebook Account
Photo Credit : Saung Yoon San Facebook Account

စစ်ဘေးရှောင် ပြည်သူတွေ အတွက်လည်း ချစ်ခင်ရတဲ့ မိတ်ဆွေတွေနဲ့ စုပေါင်းကာ ကူညီထောက်ပံ့မှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ရုပ်လေးလည်း လှသလို စိတ်ထားလေးကလည်း မွန်မြတ်လှတာကြောင့် ပရိသတ်တွေက သဘောကျ နှစ်သက်ပြီး ချီးကျူးနေရတဲ့ သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် သူမကိုယ်တိုင် ဒီဇိုင်းထွင်ထားတဲ့ အင်္ကျီတွေကိုလည်းရောင်းချကာ ရသမျှငွေကြေးတွေနဲ့ အလှူအတန်းတွေ ပြုလုပ်လျက်ရှိပါတယ် ။

Photo Credit : Saung Yoon San Facebook Account
Photo Credit : Saung Yoon San Facebook Account

အခုလည်း မြို့မလူမူ့ကူညီရေးအသင်းနဲ့ ပေါင်းပီး စစ်ဘေးရှောင် စခန်းတွေမှာ မုန့်တွေသွားလှူခဲ့ကြောင်းဖော်ပြလာပါတယ်။ နောက်ထပ်လည်း ချင်းပြည်နယ်က စစ်ဘေးရှောင် စခန်းတွေဆီပို့ဖို့ ဆေးဝါး ၊ အစားအသောက် ၊ အနွေးထည် ၊ စောင် အားလုံးစီစဉ်ပြီးကြောင်းနဲ့ မိုးတွင်းကာလမို့ မိုးကာအင်္ကျီလေးပဲ လိုအပ်တော့တာကြောင့် ဝိုင်းဝန်းလှူဒါန်းပေးကြဖို့ကိုလည်း ” မြို့မလူမူ့ကူညီရေးအသင်းနဲ့ ပေါင်းပီး စစ်ဘေးရှောင် စခန်းတွေမှာ မုန့်တွေသွားလှုခဲ့ပါတယ် လက်ရှိမှာသူတိူ့အတွက် အဓိက လိုနေတာကတော့ မိုးကာအကျီတွေပါ.. ချင်းပြည်ကစစ်ဘေးရှောင် စခန်းပို့ဖို့လဲ ဆေးဝါး အစားအသောက် အနွေးထည် စောင် အားလုံးစီစဉ်ပီးပါပီ.. မိုးကာအကျီတွေပဲ လိုအပ်ပါတော့တယ်.. မိုးကာအင်္ကျီတွေ လှူဒါန်းပေးဖို့ တောင်းဆိုပါရစေ.. ဆောင်းလဲ အများကြီးမလှုနိုင်တော့လို့ပါ.. အထည် ၁၀၀၀ လောက်လိုအပ်ပါမယ်..တထည်ကို ငါးထောင်လောက်ကျပါမယ်..၁၀၀၀ပဲဖစ်ဖစ် ၂၀၀၀ပဲဖစ်ဖစ် နိုင်သလောက်လှုဒါန်းပေးပါ..အားလုံးစုပီးရသလောက်ဝယ်ပီးလှူဒါန်းပေးပါမယ်..လှူမယ်ဆို cb လာမေးပေးပါနော် ” ခုလိုရေးသား ဝေမျှလာရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Source & Photo Credit : Saung Yoon San Facebook Account