Celebrity News News

လူရွှင်တော်ကြာစိပြောပြလိုက်တဲ့ သူအသက်ရှင်နေရတဲ့တစ်ခုတည်းသောရည်ရွယ်ချက်

Zawgyi [အောက်တွင် Unicode ဖြင့်ဖတ်ရှုနိုင်သည်]








Unicode

ပရိတ်သတ်တွေရဲ့ တစ်နေ့တာပင်ပန်းနွမ်းနယ်မှုတွေကိုပြေပျောက်စေရန်အတွက်ဟာသဉာဏ်နဲ့ရယ်စရာပျက်လုံးတွေကိုအမြဲတီထွင်ဖန်တီးပေးပြီးပရိတ်သတ်တွေရဲ့ရင်ကိုအမောပြေစေခဲ့တဲ့သူကတော့ လူရွှင်တော်ကြာစိပဲဖြစ်ပါတယ်နော်။ ကြာစိဟာဆိုရင်အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ပရိတ်သတ်ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ လူရွှင်တော်တစ်ယောက်ပဲဖြစ်ပါတယ်နော်။

လူရွှင်တော်ကြာစိဟာဆိုရင် ဟာသပျက်လုံးတွေနဲ့အငြိမ့်ဇာတ်ခုံပေါ်မှာတင်ဆက်ပေးရုံတင်မကပဲရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးထားကာအောင်မြင်မှုလမ်းကြောင်းပေါ်မှာ ယနေ့ထိတိုင်လျှောက်လှမ်းခဲ့တာပဲဖြစ်ပါတယ်။ ကြာစိဟာဆိုရင် ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ပရိတ်သတ်ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ကြာစိက သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကိုအမြဲမျှဝေပေးလေ့ရှိတဲ့အပြင် ရင်တွင်းခံစားနေရတဲ့ခံစားချက်တွေကိုလည်း ပရိတ်သတ်ကိုအမြဲရင်ဖွင့်လေ့ရှိပါတယ်နော်။

ဒီကနေ့မှာဆိုရင်လည်းကြာစိက သူ့ရဲ့ဘဝမှာ ဘယ်သူ့အပေါ်မှမတရားတာမလုပ်တတ်တဲ့အပြင်မကောင်းကြံတဲ့စိတ်ပါမရှိကြောင်းနဲ့သူအသက်ရှင်နေရတဲ့တစ်ခုတည်းသောရည်ရွယ်ချင်ကို ရင်ဖွင့်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒါကတော့ “ဘယ်သူအပေါ်မှမတရားတာမလုပ်ဘူး မကောင်းကြံစိတ်မထားခဲ့ဘူး..ကိုယ်သာကြိတ်ခံနေခဲ့တယ် အမှန်တရားကိုအတွင်းလူတွေသိကြပါတယ် ကျွန်တော်အသက်ရှင်တာသမီးကြောင့်ပါ..ဒါကြောင့် သမီးအသက်ရှည်အောင် ကျွန်တော် ကြိုးစား ရမယ်လေ…ကိုယ်စိတ်ထင်ရာဘယ်တော့မှမလုပ်တတ်ဘူး.လူကြီးတွေ နဲ့..အမြဲစဉ်းစားတိုင်ပင်ပါတယ်”

ဆိုပြီး သူ့ရဲ့လူမ့ကွန်ရက်စာမျက်နှာမှာရေးသားလာခဲ့တာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးကလည်း ကြာစိအတွက်အားပေးစကားလေးပြောခဲ့ပါအုံးနော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Credit Celebrity Platforms