Knowledge

လက်နက်ကိုင်တိုင်း ရမ်းကားတဲ့ လုပ်ရပ်တွေ ဘယ်တော့မှ မလုပ်ကြင်နာတတ်တဲ့ နှလုံးသားအပြည့် ရှိတယ်လို့ ရင်ဖွင့်လာတဲ့ PDF လေးတစ်ဦး

GZ လို့ခေါ်တဲ့ လူငယ် မျိုးဆက်သစ်တွေကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင် ဦးဆောင် ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဆန္ဒပြတဲ့ သူက လမ်းမပေါ်ထွက်ကာ ရဲရဲဝင့်ဝင့် ပြသလိုလက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ သူတွေကလည်း တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့အတွက် လွတ်မြောက်နယ်မြေက တိုင်းရင်းသား အဖွဲ့အစည်းတွေဆီမှာ စစ်သင်တန်း တက်ရောက်ကာ ရှေ့တန်းကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ် ။

Photo Credit: Original Uploder 

 

လူငယ်အားလုံးကတော့ ရည်မှန်းချက်တွေ ၊ အိမ်မက်တွေ နဲ့  အတတ်ပညာကိုယ်စီ ရှိကြပေမယ့် ဒီလိုအခြေအနေတွေမှာတော့ သူတို့ရဲ့ အိမ်မက်တွေကို စွန့်လွှတ်ကာ တော်လှန်ရေးကြီးအတွက် ပါဝင်နေကြတာဖြစ်ပါတယ်။

တောထဲမှာ စစ်သင်တန်း တတ်ရောက်နေတဲ့ လူငယ်တွေ ဆိုရင်လည်း အရင်က လွတ်လပ်ပျော်ရွှင်စွာ ပေါ့ပေါ့ ပါးပါး ဖြတ်သန်းခဲ့ကြပေမယ့် ခုဆို တောတောင်ထဲမှာ အဆင်ပြေသလို စားသောက် နေထိုင်နေကြရတာပါ ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

 

အခုလည်း အရင်က ကင်မရာကိုင်ကာ ဝါသနာတွေကို အကောင်းဆုံး အကောင်ထည်ဖော်ခဲ့တဲ့ လူငယ်လေးတစ်ဦးက ခုဆို လက်နက်ကိုင်ကာ စစ်သင်တန်းတက်ရောက်လျက်ရှိပါတယ် ။

ဒီလို စစ်သင်တန်းတက်ရောက်ပြီး လက်နက်ကိုင်ဆောင်တိုင်း ရမ်းကားတဲ့ လုပ်ရပ်တွေ ဘယ်တော့မှ မလုပ်ကြောင်းနဲ့ GZ တိုင်း ကြင်နာတတ်တဲ့ နှလုံးသားရှိကြောင်း သူရဲ့ ခံယူချက်လေးကို

” သေနက်ကိုင်တိုင်း ရမ်းကားတဲ့အလုပ် ငါတို့မလုပ်ဖူး ငါတို့ GZ တွေမှာ ကြင်နာတတ်တဲ့  နလုံးသားရှိတယ် လူသားဆန်တဲ့ စိတ်ရှိတဲ့သူတွေမို့ ရက်စက်တက်တဲ့ စိတ်နဲ့ ကြင်နာတက်တဲ့စိတ်ကို သီးခြားခွဲနိင်တယ်

တန်ရာတန်ရာခံစားစေရမယ် ငါတို့ရဲ့အပြစ်မဲ့ပြည်သူတွေကို ရက်စက်စွာ မင်းတို့ သတ်ခဲ့တာတွေမြင်ရင် ဝမ်းနည်းလို့  ငိုချင်ငိုလိုက်မယ် ဒါပေမဲ့ မင်းတို့ကို လက်စားပြန်ချေဖို့ အတွက် ငါတို့စိတ်တွေ

မပျော့ညံ့ဘူးဆိုတာ မင်းတို့အလှည့်ကြရင် စောင့်ကြည့်လိုက် ” ဆိုပြီး ရေးသားဖော်ပြထားရာ ဖတ်ပြီး လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit: Original Uploder