News

ရေဝပ်နေတဲ့တဲပျက်ထဲမှာ ကျောခင်းစရာနေရာတောင်မရှိလို့ ပုခက်ထိုးပြီး အိပ်ရတဲ့သူတို့ရဲ့ဘဝတွေကို လက်တွေ့ပြသလာတဲ့လူငယ်တစ်ဦးရဲ့ဗီဒီယို

ရေဝပ်နေတဲ့တဲပျက်ထဲမှာ ကျောခင်းစရာနေရာတောင်မရှိလို့ ပုခက်ထိုးပြီး အိပ်ရတဲ့သူတို့ရဲ့ဘဝတွေကို လက်တွေ့ပြသလာတဲ့လူငယ်တစ်ဦးရဲ့ဗီဒီယို

ပြည်သူတွေကတော့ အရေးတော်ပုံအောင်ရမယ်ဆိုတဲ့စိတ်နဲ့ အ ခုချိန်အထိတိုင်အောင် ဇွဲမလျှော့ဘဲ ရှေ့ဆက်ကြိုးစားနေကြတ ာ ဖြစ်ပါတယ် ။ ရဲစွမ်းသတ္တိရှိပြီး အနစ်နာခံစိတ်ရှိကြတဲ့ လူင ယ်တွေကလည်း ပြည်သူတွေကို ကာကွယ်ဖို့အတွက် စစ်ပညာသင်ယူနေကြတာ ဖြစ်ပါတယ် ။

 

 

KNU တပ်ဖွဲ့ရဲ့ရင်ခွင်မှာ ခိုလှုံနေတဲ့ ရန်ကုန်မြို့က လူငယ်တစ်ဦးကတော့ သူဝါသနာပါတဲ့ ဓာတ်ပုံဆရာဘဝကို စွန့်လွှတ်ပြီး တောထဲတောင်ထဲကို ရောက်ရှိခဲ့ရတာ ဖြစ်ပါတယ် ။ သူကတေ ာ့ တောထဲကိုရောက်ရှိနေတဲ့ အချိန်မှာတောင် ပြည်သူတွေ စိ တ်ဓာတ်မကျစေဖို့အတွက် အားပေးစကားတွေ ပြောကြားပေးခဲ့တာ ဖြစ်ပါတယ် ။

 

 

 

အခုလည်း အဲ့ဒီလူငယ်လေးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် Live လွှင့်ပြီး စကားပြောထားတာ ဖြစ်ပါတယ် ။ သူ့အနေနဲ့ စစ်ပညာတွေ ထပ်မံသင်ယူဖို့အတွက် တစ်လကြာအောင် သင်တန်းသွားတက်ရတော့မှာ ဖြစ်တာကြောင့် သူ့ကိုစိတ်မပူကြဖို့ ပြောထားတာ ဖြစ်ပါတယ် ။

 

 

ဒါ့အပြင် ယခုလက်ရှိမှာ သူတို့ရဲဘော်တွေနေနေရတဲ့ တဲရဲ့အ ခြေအနေကို ပြသလိုက်ပြီး မြို့ပေါ်မှာ အပျော်အပါး လိုက်စားနေတဲ့သူတွေအနေနဲ့ ကိုယ်ချင်းစာပေးကြဖို့ ပြောထားတာ ဖြစ်ပါတယ် ။ ပြည်သူတွေဘက်ကလည်း PDF တွေအတွက် တ တ်နိုင်သလောက် ပါဝင်ပေးကြပါဆိုပြီး မေတ္တာရပ်ခံထားတာလည်း ဖြစ်ပါတယ် ။

 

 

တိုင်းပြည်နဲ့လူမျိုးရဲ့အကျိုးအတွက် ကြိုးစားပေးနေတဲ့ လူငယ်လေးကတော့ ဒီလိုဘဝမျိုးရောက်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးတာပဲ ဖြစ်ပါတယ် ။ ပြည်သူတွေသိအောင် သူပြောချင်တဲ့စက ားတွေကို Live လွှင့်ပြီး ပြောကြားခဲ့တဲ့ လူငယ်တစ်ဦးရဲ့ဗီဒီ ယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

crd#original writer