Articles

“သူနဲ့ အရမ်းရင်းနှီးတဲ့သူကို ပြောပြခဲ့တဲ့ အမေစုရဲ့ ” ကျောက်ခဲဟင်းချို”ပုံပြင်လေး”

Zawgyi

” အမေစုပြောတဲ့ကျောက်ခဲဟင်းချို ”

အန်တီနဲ့အနီးကပ်နေခဲ့စဉ်အချိန်တွေမှာညဘက်ဆိုအိမ် ထဲမှာ၂ယောက်တည်းပေါ့။ည၇နာရီလောက်ကျရင်အန်တီကကျမနဲ့အတူTV ဇာတ် လမ်း(အဲဒီအချိန်က ပေါင်ချိန်တရုတ်ကား)ကို၇:၃၀နာရီအထိလာကြည့်ပေးတယ်။ပြီးရင်အန်တီကသူ့အခန်းပြန်ပြီးအလုပ်လုပ်တယ်။

ကျမက၈ နာရီဇာတ်လမ်းပြီးအောင်ကြည့်တယ်။ပြီးရင်ကျမလည်းလုပ်စရာရှိတာဆက်လုပ်တာပေါ့။နံနက်breakfastစားချိန်ကျရင်ညကအန်တီမကြည့်လို က်ရတဲ့ဇာတ်လမ်းလေးကိုပြောပြရတယ်။ပြီးတော့အဲဒီဇာတ်လမ်းအပေါ် သူ့အမြင်၊ကိုယ့်အမြင်တွေနဲ့ဝေဖန်သုံ းသပ်ကြတဲ့နေ့တွေလည်းရှိခဲ့ပါတယ်။

တခါတရံနာမည်ကြီးပုဂ္ဂိုလ်တွေရဲ့အထ္ထုပ္ပတိဇာတ် ကားကိုအန်တီကဘာသာပြန်ပေးပြီးအတူကြည့်ခဲ့ဖူးတ ယ်။ပြီးတော့အဲဒီပုဂ္ဂိုလ်ရဲ့လေးစားအတုယူစရာကောင်းတဲ့အချက်တွေကိုအန်တီကထုတ်နှုတ်ပြလေ့ရှိတယ်။

ညလုံးပေါက်မအိပ်ဘဲစကားပြောတဲ့နေ့များမှာလည်း အန်တီပြောတဲ့ပုံပြင်လေးတွေကိုနားထောင်ခွင့်ရခဲ့ပါတ ယ်။အန်တီပြောခဲ့ဖူးတဲ့ပုံပြင်လေးတစ်ပုဒ်ကတော့အရ သာရှိသောကျောက်ခဲဟင်းချိုလေးဆိုတဲ့ပုံပြင်လေးပါဘဲ။

ကျမအကျဉ်းချုံးပြီးပြောပါ့မယ်။စစ်ပွဲကြီးပြီးသွားပေမယ့်တောတောင်တွေထဲမှာကျန်နေသေးတဲ့စစ်သားတွေ ရှိနေသေးတာပေါ့။တနေ့မှာတော့စစ်သားတစ်ယောက်ဟာရွာထဲကိုရောက်လာတယ်။

သူ့မှာစစ်ထမင်းဘူးနဲ့ မီးခြစ်လေးသာကျန်ရှိပြီးစားစရ ာဝတ်စရာဆိုလို့ဘာမှမရှိဘူးပေါ့။သူကရွာလယ်ခေါင်မှာထင်းရှားတယ်။စစ်ထမင်းချိုင့်လေးနဲ့ရေခပ်ပြီးမီးဖိုလေးမွှေးတယ်။အဲဒီပေါ်မှာစစ်ထမင်းချိုင့်လေးကိုတင် ကျောက်ခဲလေးကိုထည့်ပြီးတည်ထားတယ်။

သူရဲ့ထူးဆန်းတဲ့အပြုအမူကြောင့်ရွာသားတွေစိတ်ဝင် စားလာတယ်။ခဏအကြာရွာသားတစ်ယောက်ကလာမေးတယ်။ခင်ဗျားဘာလုပ်နေတာလဲပေါ့။သူကကျောက်ခဲဟင်းချိုလေးချက်နေတာပါ။ကျောက်ခဲကဟင်းချက်လို့ ရလားလို့ မေးတယ်။သူက သိပ်ရတာပေါ့ဗျာ။ကျောက်ခဲဟင်းရည်ကကောင်းသလားလို့ဆိုပြန်တယ်။

သူကလည်းကောင်းတာပေါ့ဗျာ၊ဒါပေမယ့်ကြက်သွန်နီလေးသာပါရင်ပိုကောင်းတာပေါ့လို့ပြောတော့အဲဒီရွာသ ားကသူ့အိမ်မှာရှိတဲ့ကြက်သွန်နီလေးတစ်လုံးလာပေးတယ်။တအောင့်ကြာတော့ နောက်တစ်ယောက်ကလာမေးပြန်တယ်။ သူကလည်းထုံးစံအတိုင်းဖြေပြီး ငါးလေးပါရင်တော့ ပိုကောင်းတာပေါ့! ဆိုပြန်တယ်။

အဲဒီလူကလည်း သူ့မှာရှိတဲ့ ငါးအနည်းငယ်ကို လာပေးသွားပြန်တယ်။ဒီလိုနဲ့ တစ်ယောက်မှစ၍ လာမေးကြရင်း သူကလည်းဟင်းရည်ထဲမှာ ပါဝင်ရမည့် အမျိုးအမည်တွေကို တစ်ဦးချင်းစီမှာ ယခင်ကအတိုင်း ပြောဆိုတယ်။တစ်ဦးချင်းစီကလည်း သူတို့နိုင်သလောက်လေးတွေပေးကြတာပေါ့။ နောက်ဆုံးမှာတော့ အရသာရှိတဲ့ ကျောက်ခဲဟင်းချိုလေးတစ်ခွက် ရရှိခဲ့ပါတော့တယ်။

အဲဒီပုံပြင်ပြီးတော့ ကျမတို့ သူ့အမြင် ကိုယ့်အမြင်သုံးသပ်တယ်။ ကျမကတော့ လွယ်လင့်တကူ တောင်းဆိုပြီး “စားရေး”ခက်ခဲမှုကို မဖြေရှင်းတဲ့ စိတ်ဓာတ်နဲ့ကိုယ့်အားကိုယ်ကိုးပြီး အမျှော်အမြင်နဲ့ လူတွေပါလာအောင် စည်းရုံးနိုင်တဲ့ စွမ်းရည်ကို ချီးကျူးမိတယ်။

အန်တီကတော့ တစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှုနဲ့ စတင်ပြီး အများပါဝင်လာခဲ့မှုကြောင့် “ကျောက်ခဲတောင်မှ အရသာရှိတဲ့ဟင်းချို”ဖြစ်ခဲ့သေးတာ အန်တီတို့ ပြည်သူတွေ တစ်ဦးချင်းရဲ့ ပါဝင်မှုကစပြီး အများပါဝင် ညီညွတ်ကြရင် အန်တီတို့ရည်မှန်းတဲ့ ဒီမိုကရေစီ ဘာလို့မရနိုင်ရမှာလဲ။ရကိုရမှာပေါ့ လို့ ပြောခဲ့တယ်။

ဒီကနေ့ ကျမတို့ ကိုယ့်အားကိုယ်ကိုးပြီး အမျှော်အမြင်ကြီးစွာနဲ့ အများပါဝင်လာအောင် စည်းရုံးနိုင်သော ခေါင်းဆောင်ကောင်းနောက်မှာ အရသာရှိသော ကျောက်ခဲဟင်းချိုလေး (သို့) ရေရှည်တည်တံ့ခိုင်မြဲမည့် ဖွံ့ဖြိုးတိုးတက်သောမြန်မာနိုင်ငံသစ်ကြီးတစ်ခုအဖြစ်ပြောင်းလဲရန်ကောင်းမွန်သော စံနစ်တစ်ခုကို တက်ညီလက်ညီညီညွတ်စွာပြောင်းလဲကြပါစို့။

Credit to Ma Htwe

Unicode

“သူနဲ့ အရမ်းရင်းနှီးတဲ့သူကို ပြောပြခဲ့တဲ့ အမေစုရဲ့ ” ကျောက်ခဲဟင်းချို”ပုံပြင်လေး”

” အမေစုပြောတဲ့ကျောက်ခဲဟင်းချို ”

အန်တီနဲ့အနီးကပ်နေခဲ့စဉ်အချိန်တွေမှာညဘက်ဆိုအိမ် ထဲမှာ၂ယောက်တည်းပေါ့။ည၇နာရီလောက်ကျရင်အန်တီကကျမနဲ့အတူTV ဇာတ် လမ်း(အဲဒီအချိန်က ပေါင်ချိန်တရုတ်ကား)ကို၇:၃၀နာရီအထိလာကြည့်ပေးတယ်။ပြီးရင်အန်တီကသူ့အခန်းပြန်ပြီးအလုပ်လုပ်တယ်။

ကျမက၈ နာရီဇာတ်လမ်းပြီးအောင်ကြည့်တယ်။ပြီးရင်ကျမလည်းလုပ်စရာရှိတာဆက်လုပ်တာပေါ့။နံနက်breakfastစားချိန်ကျရင်ညကအန်တီမကြည့်လို က်ရတဲ့ဇာတ်လမ်းလေးကိုပြောပြရတယ်။ပြီးတော့အဲဒီဇာတ်လမ်းအပေါ် သူ့အမြင်၊ကိုယ့်အမြင်တွေနဲ့ဝေဖန်သုံ းသပ်ကြတဲ့နေ့တွေလည်းရှိခဲ့ပါတယ်။

တခါတရံနာမည်ကြီးပုဂ္ဂိုလ်တွေရဲ့အထ္ထုပ္ပတိဇာတ် ကားကိုအန်တီကဘာသာပြန်ပေးပြီးအတူကြည့်ခဲ့ဖူးတ ယ်။ပြီးတော့အဲဒီပုဂ္ဂိုလ်ရဲ့လေးစားအတုယူစရာကောင်းတဲ့အချက်တွေကိုအန်တီကထုတ်နှုတ်ပြလေ့ရှိတယ်။

ညလုံးပေါက်မအိပ်ဘဲစကားပြောတဲ့နေ့များမှာလည်း အန်တီပြောတဲ့ပုံပြင်လေးတွေကိုနားထောင်ခွင့်ရခဲ့ပါတ ယ်။အန်တီပြောခဲ့ဖူးတဲ့ပုံပြင်လေးတစ်ပုဒ်ကတော့အရ သာရှိသောကျောက်ခဲဟင်းချိုလေးဆိုတဲ့ပုံပြင်လေးပါဘဲ။

ကျမအကျဉ်းချုံးပြီးပြောပါ့မယ်။စစ်ပွဲကြီးပြီးသွားပေမယ့်တောတောင်တွေထဲမှာကျန်နေသေးတဲ့စစ်သားတွေ ရှိနေသေးတာပေါ့။တနေ့မှာတော့စစ်သားတစ်ယောက်ဟာရွာထဲကိုရောက်လာတယ်။

သူ့မှာစစ်ထမင်းဘူးနဲ့ မီးခြစ်လေးသာကျန်ရှိပြီးစားစရ ာဝတ်စရာဆိုလို့ဘာမှမရှိဘူးပေါ့။သူကရွာလယ်ခေါင်မှာထင်းရှားတယ်။စစ်ထမင်းချိုင့်လေးနဲ့ ရေခပ်ပြီးမီးဖိုလေးမွှေးတယ်။အဲဒီပေါ်မှာစစ်ထမင်းချိုင့်လေးကိုတင် ကျောက်ခဲလေးကိုထည့်ပြီးတည်ထားတယ်။

သူရဲ့ထူးဆန်းတဲ့အပြုအမူကြောင့်ရွာသားတွေစိတ်ဝင် စားလာတယ်။ခဏအကြာရွာသားတစ်ယောက်ကလာမေးတယ်။ခင်ဗျားဘာလုပ်နေတာလဲပေါ့။သူကကျောက်ခဲဟင်းချိုလေးချက်နေတာပါ။ကျောက်ခဲကဟင်းချက်လို့ ရလားလို့ မေးတယ်။သူက သိပ်ရတာပေါ့ဗျာ။ကျောက်ခဲဟင်းရည်ကကောင်းသလားလို့ဆိုပြန်တယ်။

သူကလည်းကောင်းတာပေါ့ဗျာ၊ဒါပေမယ့်ကြက်သွန်နီလေးသာပါရင်ပိုကောင်းတာပေါ့လို့ပြောတော့အဲဒီရွာသ ားကသူ့အိမ်မှာရှိတဲ့ကြက်သွန်နီလေးတစ်လုံးလာပေးတယ်။တအောင့်ကြာတော့ နောက်တစ်ယောက်ကလာမေးပြန်တယ်။ သူကလည်းထုံးစံအတိုင်းဖြေပြီး ငါးလေးပါရင်တော့ ပိုကောင်းတာပေါ့! ဆိုပြန်တယ်။

အဲဒီလူကလည်း သူ့မှာရှိတဲ့ ငါးအနည်းငယ်ကို လာပေးသွားပြန်တယ်။ဒီလိုနဲ့ တစ်ယောက်မှစ၍ လာမေးကြရင်း သူကလည်းဟင်းရည်ထဲမှာ ပါဝင်ရမည့် အမျိုးအမည်တွေကို တစ်ဦးချင်းစီမှာ ယခင်ကအတိုင်း ပြောဆိုတယ်။

တစ်ဦးချင်းစီကလည်း သူတို့နိုင်သလောက်လေးတွေပေးကြတာပေါ့။ နောက်ဆုံးမှာတော့ အရသာရှိတဲ့ ကျောက်ခဲဟင်းချိုလေးတစ်ခွက် ရရှိခဲ့ပါတော့တယ်။