Celebrity News

ဘုရားစာတွေဆိုပြီး တရိုတသေ ဘုရားရှိခိုးတတ်နေပြီဖြစ်တဲ့ သမီးလေးရွှန်းကို ကြည့်ပြီး ကြည်နူးပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ပရဟိတ လုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်ကာ ပြုလုပ်နေခဲ့တာကို ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။ ကလေးတွေရဲ့ အနာဂတ် အတွက်လည်း အများကြီး ကြိုးစားသလို လိုအပ်တဲ့ နေရာတွေမှာလည်း ကူညီပေးတဲ့အပြင် ပရဟိတလေးတွေလည်း လုပ်တတ်တာမို့ သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေ ပိုမိုများပြားလာခဲ့ပါတယ်။

ဒီလိုကာလတွေမှာလည်း အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီကို ကိုယ်တိုင် သွားရောက်ကာ ကူညီလှူဒါန်းမှုတွေကို တောက်လျှောက် လုပ်ပေးနေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးငယ်လေးတွေကိုလည်း ခေါ်ယူစောင့်ရှောက်ကာ မွေးစားခဲ့ပါသေးတယ် ။

ခိုင်နှင်းဝေကတော့ အားလပ်ချိန်တွေမှာလည်း ချစ်ရတဲ့ သားသမီးတွေကို အချိန်ပေးကာ အတူတူဆော့ကစားပေးရင်း ပျော်ရွှင်စွာ ဖြတ်သန့်လေ့ရှိသလို ချစ်စရာပုံလေးတွေလည်း အမြဲဝေမျှတတ်ပါတယ်။

အခုလည်း လူကြီးတစ်ယောက်လို ဘုရားစာတွေဆိုပြီး တရိုတသေ ဘုရားရှိခိုးတတ်နေပြီဖြစ်တဲ့ သမီးလေးရွှန်းကို ကြည့်ပြီး ကြည်နူးပီတိဖြစ်နေကြောင်းပုံရိပ်လေးတွေ ဝေမျှလာပါတယ် ။ပရိသတ်ကြီးအတွက် မေမေခိုင်နှင်းဝေနဲ့ သမီးလေးရွှန်းရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ် ။