News

ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ထူးချွန်စွာအောင်မြင်ခဲ့သလို တိုင်းပြည်အတွက်လည်း ရဲရဲဝံ့ဝံ့နဲ့ အသက်စွန့်သွားခဲ့တဲ့ ချင်းတိုင်းရင်းသားလေး

ခွဲလုံသာတိုက်ပွဲမှာရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းလေးလိန်းလိန်း ကျဆုံးခဲ့တာ ဒီနေ့ဆိုရင်တစ်လပြ ည့်ခဲ့ပါပြီ။ ထွက်သွားတဲ့သူကထွက်သွားပေမယ့် ကျန်ရစ်ခဲ့တဲ့သူတွေကတော့ သတိရခြင်းတွေတပွေ့တပိုက်နဲ့ပါ။

သေသောသူကြာရင်မေ့ဆိုတဲ့ စကားဟာ ဒီမိုကရေစီတိုက်ပွဲမှာ အသက်ပေးခဲ့ရတဲ့ ပြည်သူ့သူရဲကောင်းတွေအတွက်တော့ မမှန်နိုင်ပါဘူး။ ပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒတွေကိုဖော်ဆောင်ပေးဖို့ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ပေးခဲ့သူတိုင်းဟာ အကြိမ်ကြိမ် ဦး ညွှတ်ခံထိုက်သူတွေပါ။

လိန်းလိန်းရဲ့ တစ်လပြည့်တဲ့နေ့မှာ ” တစ်လပြည့်သွားပါပြီ.. .ပျော်ပျော်ရွှင်ရွှင်နေလာခဲ့တဲ့ ပုံရိပ်တွေကိုမြင်ယောင်နေဆဲ အ ရာအားလုံးက မနေ့တစ်နေ့ကလိုပဲညီ မင်းရဲ့ ရဲရင့်မှုတွေ ငါတို့ချီကျူးလို့ ဆုံးမကုန်နိုင်ဘူး ” ဆိုပြီး ခင်မင်ရသူတစ်ယောက်က သတိတရဝေမျှလာခဲ့ပါတယ်။

ကျဆုံးသွားတဲ့ချင်းတိုင်းရင်းသားလေးလိန်းလိန်းဟာ ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးတွေနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့သူဖြစ်သလို ဘောလုံးအားကစားမှာလည်း ပါရမီပါသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒီလိုလူတော်လူကောင်းတွေ တဖြုတ်ဖြုတ်ကြွေနေရတာ ပြည်သူတစ်ရပ်လုံးရဲ့ရင်တွေလည်း နာရပါတယ်။

ကျဆုံးရဲဘော်တွေအတွက်မချိတင်ကဲဖြစ်ရတဲ့အကြောင်းကို ” ပထမဆုံးအသက်ပေးလှူသွားခဲ့တဲ့ CDF ရဲဘော်လေးဟာ မြန်မာ့လက်ရွေးစင်မြှားပစ်အားကစားသမားဆိုတာ လူသိနည်းပါတယ် ခွဲလုံသာ တိုက်ပွဲမှာကျသွားခဲ့တဲ့လိန်လိန်းကလဲ ဂုဏ်ထူးတွေနဲ့ (၁၀) တန်းအောင်ခါစ ကျောင်းသားလေး။

ချင်းပြည်အတွက် နိုင်ငံအတွက်အားကိုးလာရမယ့် အကောင်းဆုံး ဘောလုံးသမားလေးပါ အများကြီးပါပဲ ကျဆုံးသွားတဲ့ရဲ ဘော်တွေက သူ့နေရာရာနဲ့သူ တန်ဖိုးရှိတဲ့လူတွေချည်းပဲ မတန်လိုက်တာ ညီလေးတို့ရာ  ” ဆိုပြီး CDF ခေါင်း ဆောင်တစ်ဦးက ရင်တွင်းစကားပြောလာခဲ့ပါတယ်။ ကောင်းရာဘုံဘဝကို ရောက်ရှိပြီး စစ်ဘေးကင်းတဲ့နိုင်ငံမှာ အေးချမ်းပျော်ရွှင်ပါစေလို့ ကျဆုံးသူရဲကောင်းတိုင်းအတွက် ဆုတောင်းပါတယ်။

Crd Original writer

zawgyi