Celebrity News

မွေးနေ့မှာ ဥပုသ်စောင့်ကာ တရားအားထုတ်ရင်း အေးချမ်းစွာ ဖြတ်သန်းနေတဲ့ သူငယ်ချင်း မိစန္ဒီအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဟိဏ်းသစ်

ဂီတ လောကမှာ ပရိသတ် အခိုင်အမာ ကိုယ်စီရရှိထားတဲ့ ဟိဏ်းသစ်နဲ့ မိစန္ဒီ ကတော့ အချစ်ရဆုံးသူငယ်ချင်းတွေဆိုတာ သိရှိပြီးဖြစ်မှာပါ။ အရင်ထဲက သီချင်းတွေလည်း အတူတူလုပ်ခဲ့ကြသလို ပွဲတွေ အလှူတွေဆိုရင်လည်း စိတ်တူကိုယ်တူ တက်ရောက် လျက်ရှိတာလည်းဖြစ်ပါတယ်။ 

ယနေ့ ဇွန်လ ( ၁၂ ) ရက်နေ့လေးကတော့ အဆိုတော် မိစန္ဒီရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ် ။ သူရဲ့မွေးနေ့လေးမှာ ချစ်ရတဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစာလေးတွေ ပေးပို့ခဲ့ကြပါတယ် ။ သူငယ်ချင်းဖြစ်သူ ဟိဏ်းသစ်ကလည်း မွေးနေ့မှာ ကောင်းမှုကုသိုလ်ပြုလုပ်ရင်း အေးချမ်းစွာ ဖြတ်သန်းနေတဲ့ မိစန္ဒီအတွက် အမှတ်တရ မွေးနေ့ ဆုတောင်းစာလေး ရေးသားဝေမျှလာပါတယ် ။

” သူနဲ့ ကျနော် သူငယ်ချင်းသက်တမ်း ၁၄ နှစ်ကျော် ရှိပြီ… နှစ်တိုင်း ပျော်ရွှင်ခြင်းတွေ၊ ဝမ်းနည်းခြင်းတွေ၊ အောင်မြင်ခြင်းတွေ၊ ကုသိုလ်ယူခြင်းတွေနဲ့ အကုန် တူတူမျှဝေခံစားရင်း မွေးနေ့ပေါင်းများစွာ ကျော်ဖြတ်ခဲ့ပြီးပါပြီ။ ဒီနှစ်ကတော့ ဥပုဒ်စောင့်ရင်းတရားအားထုတ်ရင်း ဖြတ်သန်းတဲ့ ကျနော့်သူငယ်ချင်း.. မိစန္ဒီ  ” Happy Birthday” ပါ ” ဆိုတဲ့ မွေးနေ့ဆုတောင်း စာလေးနဲ့အတူ ကောင်းမှုပြုလုပ်နေတဲ့ ပုံလေးတွေကို ဝေမျှထားရာ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ် ။