Celebrity News

ချစ်ဇနီးလေးရဲ့ (၃၈) နှစ်ပြည့်မွေးနေ့ အမှတ်တရအနေနဲ့ မတ်တစ်​ထောင် နဂါးကုန်း​တော်​ပေါ်မှာ ​ဗောဓိပင်နှင့် ခ​ရေပင်(၁၁၀) အား စိုက်ပျိုးခဲ့တဲ့ နေထူးနိုင်

ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသား နေထူးနိုင်ပဲ ဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားတွေကို ကိုယ်ပိုင်စိတ်ကူးတွေနဲ့ ဖန်တီးရိုက်ကူးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။  နေထူးနိုင် အနေနဲ့ ရိုက်ကူးခဲ့တဲ့အက်ရှင်ဇာတ်ကားအချို့ကို ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့်လည်း အားမလျော့ဘဲဆက်ကြိုးစားခဲ့တာကြောင့် ပရိသတ်အများစုရဲ့ အသိအမှတ်ပြုအားပေး၀န်းရံမှုကိုရရှိခဲ့တာပါ။ 

 

နေထူးနိုင်ဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေမရှိသေးဘဲ အိမ်မှာ မိသားစုနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ သာယာအေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားလို့ ပရိသတ်တွေကလည်း အားကျ ချစ်ခင်နေကြတာပါ ။

နေထူးနိုင်ကတော့ ဒီနေ့မှာကျရောက်တဲ့ ချစ်ဇနီးလေးမွေးနေ့မှာ အမှတ်တရ အနေနဲ့ ကုသိုလ် တစ်ခု ပြုလုပ်ခဲ့ပါတယ် ။ ဒါကတော့ ချောက်မြို့ မတ်တစ်​ထောင် နဂါးကုန်း​တော်​ပေါ်မှာ ဗောဓိပင်နှင့်ခ​ရေပင်(110) အား​ အောင်မြင်စွာစိုက်ပျိုးခဲ့တာပဲဖြစ်ပါတယ်။ ဗောဓိပင် နဲ့ ခရေပင်ကို ကိုယ်တိုင် အစအဆုံး စိုက်ပျိုးနေတဲ့ ပုံရိပ်လေးတွေနဲ့ အတူ ” ချစ်ဇနီး​ရဲ့ဒီ​နေ့၃၈နှစ်ပြည့်​မွေး​နေ့အမှတ်တရအဖြစ် ​ချောက်မြို့မတ်တစ်​ထောင်နဂါးကုန်း​တော်​ပေါ်တွင် ​ဗောဓိပင်နှင့်ခ​ရေပင်(110) အား​အောင်မြင်စွာစိုက်ပျိုးခဲ့ပါသည်” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။