News

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မနှင့် တရားစွဲဆိုထားတဲ့ ဒလန်အကြီးစားနေအိမ် ဗုံးပေါက်ကွဲ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မနှင့် တရားစွဲဆိုထားတဲ့ ဒလန်အကြီးစားနေအိမ် ဗုံးပေါက်ကွဲ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မနှင့် တရားစွဲဆိုထားတဲ့ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဟေမန်ကျေးရွာက စစ်တပ်နှင့် ကြံဖွတ်ကျောထောက်နောက်ခံ ဒလန်အကြီးစား ညီညီ ရဲ့ နေအိမ်မှာ ယမန်နေ့ ဇွန်လ (၁၀) ရက် ည (၁၁) နာရီအချိန်ခန့် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။

“ည (၁၁) နာရီလောက်မှာ ညီညီ အိမ် ဗုံးပေါက်ကွဲတာပါ။ သူက ဒလန် အကြီးစားလေ။ ဗုံးမပေါက်ခင် တအားအော်ကြတယ် ပြီးတော့ ဗုံးပေါက်ကွဲတယ်။ ပြီးတော့ သေနတ်ပစ်ကြတာ အဲ့နားက ရွာသားတစ်ဦး ခြေထောက်သေနတ်မှန်တယ်။ ခုတော့ ဆေးရုံမှာ၊ စိုးရိမ်စရာမရှိဘူး။” ဟု ပြောသည်။

“ညီညီ တိုက်ခိုက်ခံရတာ (၃) ခါရှိပြီ။ ပထမက မေလတုန်းက ဗုံးနှင့်တိုက်ခိုက်ခံရတာ။ ဒုတိယက သေနတ်နှင့် တိုက်ခိုက်ခံရတာ။ ခုလည်း ဗုံးနှင့်ပဲ ပြန်ပြီးတိုက်ခိုက်ခံရတာပါ။ ခုက လယ်ဝေးမြို့နယ် သာဝတ္တိနယ်မြေရဲစခန်းမှာ ကြောက်လို့ပုန်းနေတယ်တဲ့။ ဒါဏ်ရာနည်းနည်းရထားတယ်လို့ ကြားတယ်။” ဟု ၄င်းမှ ဆက်ပြောသည်။

Crd

Zawgyi

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အား သဘာဝေဘးအႏၲရာယ္ဆိုင္ရာပုဒ္မႏွင့္ တရားစြဲဆိုထားတဲ့ ဒလန္အႀကီးစားေနအိမ္ ဗုံးေပါက္ကြဲ

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အား သဘာဝေဘးအႏၲရာယ္ဆိုင္ရာပုဒ္မႏွင့္ တရားစြဲဆိုထားတဲ့ ေနျပည္ေတာ္၊ လယ္ေဝးၿမိဳ႕နယ္၊ ေဟမန္ေက်းရြာက စစ္တပ္ႏွင့္ ႀကံဖြတ္ေက်ာေထာက္ေနာက္ခံ ဒလန္အႀကီးစား ညီညီ ရဲ့ ေနအိမ္မွာ ယမန္ေန႔ ဇြန္လ (၁၀) ရက္ ည (၁၁) နာရီအခ်ိန္ခန္႔ ဗုံးေပါက္ကြဲမႈျဖစ္ပြားေၾကာင္း ေဒသခံတစ္ဦးမွ ေျပာသည္။

“ည (၁၁) နာရီေလာက္မွာ ညီညီ အိမ္ ဗုံးေပါက္ကြဲတာပါ။ သူက ဒလန္ အႀကီးစားေလ။ ဗုံးမေပါက္ခင္ တအားေအာ္ၾကတယ္ ၿပီးေတာ့ ဗုံးေပါက္ကြဲတယ္။ ၿပီးေတာ့ ေသနတ္ပစ္ၾကတာ အဲ့နားက ရြာသားတစ္ဦး ေျခေထာက္ေသနတ္မွန္တယ္။ ခုေတာ့ ေဆး႐ုံမွာ၊ စိုးရိမ္စရာမရွိဘူး။” ဟု ေျပာသည္။

“ညီညီ တိုက္ခိုက္ခံရတာ (၃) ခါရွိၿပီ။ ပထမက ေမလတုန္းက ဗုံးႏွင့္တိုက္ခိုက္ခံရတာ။ ဒုတိယက ေသနတ္ႏွင့္ တိုက္ခိုက္ခံရတာ။ ခုလည္း ဗုံးႏွင့္ပဲ ျပန္ၿပီးတိုက္ခိုက္ခံရတာပါ။ ခုက လယ္ေဝးၿမိဳ႕နယ္ သာဝတၱိနယ္ေျမရဲစခန္းမွာ ေၾကာက္လို႔ပုန္းေနတယ္တဲ့။ ဒါဏ္ရာနည္းနည္းရထားတယ္လို႔ ၾကားတယ္။” ဟု ၄င္းမွ ဆက္ေျပာသည္။

Crd