News

ချစ်ဇနီးရဲ့ဗိုက်ထဲက ကလေးလေးကိုတောင် မြင်ခွင့်မရလိုက်ဘဲ မိသားစုဆီ ဘယ်တော့မှပြန်မလာနိုင်တော့တာ (၃) လပြည့်သွားပြီဖြစ်တဲ့ ကိုချစ်မင်းသူ

Zawgyi [အောက်တွင် Unicode ဖြင့်ဖတ်ရှုနိုင်သည်]

ပြည်သူတွေကတော့ ဒီကာလမှာ အသက်ပေးသွားရတဲ့သူရဲကောင်းတွေအတွက် ဘယ်တော့မှအားမလျော့ကြဘဲရောင်နီသာတဲ့နေ့သစ်ဆီရောက်အောင် ဆက်လက်ရင်ဆိုင်နေကြဆဲပဲဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုအချင်းချင်းက စည်းစည်းလုံးလုံးရှိကြပြီး အကူအညီလိုအပ်နေသူတိုင်းအတွက်လည်း အဆင်သင့်ရှိနေကြတာဖြစ်ပါတယ်။

မိမိတို့ရဲ့မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရတဲ့ ကျန်ရစ်သူတွေအနေနဲ့ကတော့ နေ့တိုင်းသတိရနေပြီး ပူဆွေးသောကရောက်နေကြဆဲဖြစ်ပါတယ်။

မတ်လ (၁၁) ရက်နေ့က မြောက်ဒဂုံမှာ ကျဆုံးသွားတဲ့ ကိုချစ်မင်းသူကတော့ မိသားစုကိုခွဲခွါသွားခဲ့တာ (၃)လ ပြည့်သွားပြီဖြစ်ပါတယ်။ပြည်သူလူထုကတော့ ကိုချစ်မင်းသူပြောခဲ့တဲ့ “မိန်းမရယ် ငါ့ကိုခွင့်လွှတ်ပါ။

ဒီနေ့ ငါမထွက်လို့ငါ့လိုလူတွေများရင် ဒီနိုင်ငံကြီး ဒီမိုကရေစီမရတော့ဘူး” လို့ နောက်ဆုံးပြောခဲ့တဲ့ စကားလေးကို အခုချိန်ထိဦးနှောက်ထဲမှာ စွဲမြဲစွာ မှတ်မိနေကြဆဲဖြစ်ပါတယ်။

ကိုချစ်မင်းသူရဲ့ ဇနီးက ကိုယ်ဝန်ဆောင်ထားရတဲ့အပြင် (၂) နှစ်အရွယ်သမီးလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့ရှာတာဖြစ်ပါတယ်။

ကိုချစ်မင်းသူရဲ့ ဇနီးကို စေတနာရှင်ပြည်သူတွေကလည်း ဝိုင်းဝန်းကူညီပေးကြကာ အားပေးစကားတွေလည်းပြောကြတာဖြစ်ပါတယ်။

မနေ့က ဇွန်လ (၁၁) ရက်နေ့မှာ ကိုချစ်မင်းသူ ကျဆုံးသွားတာ (၃) လပြည့်ပြီဖြစ်လို့ ပြည်သူတွေက သတိတရနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ စာလေးတွေရေးတင်ပေးကြတာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားရတဲ့ သူရဲကောင်းတစ်ယောက်ချင်းစီတိုင်းကို ပြည်သူတွေကလည်း ဘယ်တော့မှမမေ့ဘဲ အမြဲသတိရနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Crd

Unicode