News

အသက်နဲ့ခန္ဓာပေးဆပ်ထားတဲ့အပြင် မိသားစုဘဝကိုပါရင်းထားရတဲ့ လက်ရှိအခြေအနေတွေကို ပြောပြလာတဲ့ တော် လှန်ရေးရဲဘော်တစ်ဦး

အသက်နဲ့ခန္ဓာပေးဆပ်ထားတဲ့အပြင် မိသားစုဘဝကိုပါရင်းထားရတဲ့ လက်ရှိအခြေအနေတွေကို ပြောပြလာတဲ့ တော် လှန်ရေးရဲဘော်တစ်ဦး

ဖေဖော်ဝါရီလ ကတည်းက စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာတော့ မျိုးဆက်သစ်လူငယ်တွေက ဦးစီးဦးဆောင်နဲ့ တ က်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်..။

 

 

တဖြေးဖြေးဆိုးရွားလာတဲ့ ပြည်တွင်းရေးအခြေအနေတွေကြေ ာင့် လူငယ်တော်တော်များများဟာ တောထဲတောင်ထဲ စစ်ပ ညာသင်ကြားနေပြီး အရေးတော်ပုံကြီးအောင်မြင်ဖို့ ကြိုးစားနေကြသလို တောင်တန်းဒေသတွေမှာလည်း ပြည်သူ့ကာကွယ် ရေးတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေတာလ ည်း ဖြစ်ပါတယ်..။

အသက်နဲ့ခန္ဓာပေးဆပ်ထားတဲ့အပြင် မိသားစုဘဝကိုပါရင်းထားရပြီး ပြည်သူတွေအတွက် တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့ ရဲဘော်တစ်ဦးက သူတို့ရဲ့ လက်ရှိအခြေအနေတွေကို ပြောပြလာပါတယ်..။

 

 

အခက်အခဲတွေကြားကနေ အားတင်းကြိုးစားနေကြတဲ့ ပြည်သူ့ရဲဘော်တွေကတော့ လက်နက်အင်အား မမှပေမယ့် ပြည်သူတွေရဲဆုတောင်းသံတွေနဲ့ မှန်ကန်တဲ့လျှောက်လှမ်းတွေမှာ အားမလျော့ သွေးမအေးသွားဘဲ အဆုံးထိ တော်လှန်ကြိုးစားနေမ ယ့် အကြောင်းတွေ ပြောပြထားတာပါ..။

“ရောင်နီလာပြီမကြာခင်မြို့ပေါ်မှာရှိတဲ့ PDFတပ်ဖွဲ့တွေနဲ့ တို င်းရင်းသားတပ်တွေပေါင်းပြီးမြို့ပြတိုက်ပွဲတွေဆင်နွှဲရတော့မ ယ်၊PDFတပ်တွေနဲ့ပေါင်းပြီးတိုက်ဖို့လည်းအထက်ကစာတွေအသီးသီးကိုရောက်လာပြီးပြီ၊ခုဆို တစ်ချို့နေရာတွေမှာပူးပေ ါင်းပြီးတိုက်နေကြပြီ။

 

 

ပြည်မကပြည်သူတွေရဲ့မျက်ရည်တွေနဲ့အပြိုင်ရွှာသွန်းနေတဲ့မိုးကိုအံတုပြီးတိုက်နေရတဲ့စစ်…ပြည်မကပြည်သူတွေရဲ့ဒေါသမုန်တိုင်းနဲ့အပြိုင်တိုက်ခတ်နေတဲ့လေကြမ်းတွေကိုအံတုပြီးတို က်နေရတဲ့စစ်..

NUG ဘာလဲ၊ဘယ်လဲတော့ငါမသိဘူးငါသိတာငါပြည်သူတွေလွှတ်မြောက်ဖို့နဲ့ငါနိုင်ငံတော်ကြီးအေးချမ်းဖို့ပဲ…

ခုငါတိုက်နေတာ NUGအတွက်မဟုတ်ဘူး၊CRPHအတွက်လည်းမဟုတ်သလိုNLDအတွက်လည်းမဟုတ်ခဲ့ဘူး၊ငါတို့ပြ ည်သူလွတ်မြောက်စေဖို့ဆိုတဲ့ခံယူချက်တစ်ခုတည်းနဲ့တိုက်နေတာ…

 

 

လက်နက်အင်အားမမျှဘူး၊ ဒါပေမဲ့ငါတို့မှာ ကြီးမားသော ဆု တောင်းပေးနေတဲ့ပြည်သူတွေအများကြီးရှိတယ်၊ ငါကြားဖူးတာတစ်ခုရှိတယ် မေတ္တာဆိုတာဆူးတယ်တဲ့ ငါလက်ခံတယ် ဘယ်လောက်ပဲအင်အားကြီးကြီး ယုံကြည်မှုမရှိရင်အလကားပဲ..

ကိုယ်စိတ်နှလုံးသားကို ကိုယ်ကိုယ်တိုင်ရိုက်ချိုးမှကျိုးမှာ၊ငါနှလုံးသားပြင်းထန်နေသ၍ မင်းတို့ဘယ်လောက်ပဲရိုက်ချိုးချိုး ငါမကျရှုံးဘူး..

ကိုယ်ကြိုက်တဲ့လမ်းကို ကိုယ်ရွေးချင်ခွင့်ရှိတယ် ဒါပေမယ့် ဓမ္မနဲ့အဓမ္မကိုတော့ခွဲခြားသိမြင်တက်ပါစေ၊ငါရွေးချယ်ခဲ့တဲ့လမ်းကမှန်ကန်ခဲ့လို့ငါလိပ်ပြာလုံတယ်..

စစ်ဆိုတာကလေးကစားတာမဟုတ်ဘူး အသက်လည်းအပိုမပါဘူး ဒီလမ်းကိုရွေးချယ်ခဲ့လို့အလကားလို့တော့မထင်လိုက်နဲ့ အ သက်နဲ့ခန္ဓာပေးဆပ်ထားပြီးအပြင်နောက်ကမိသားစုဘဝကိုပါရင်းထားရတာ…

 

 

မင်းတို့ပြောဖူးတဲ့စကားအတိုင်းပဲပြောလိုက်မယ်…” ဘယ်ကောင်သေရဲလဲ သေရဲတဲ့ကောင်တက်လာခဲ့ ” ငါတို့လက်ညိုးကွေးဖို့အဆင်သင့်ပဲ…
ဒါကြောင့်
ငါတို့အတွက်ရောင်နီ
မင်းတို့အတွက်မှောင်ပြီ

လွတ်မြောက်နယ်မြေတစ်နေရာမှ..” ဆိုပြီး သူတို့ရဲ့ မြေပြင်အခြေအနေတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။ ခိုင်မာပြ တ်သားပြီး အမှန်တရားဘက်က ရဲရဲဝင့်ဝင့် ရပ်တည်ပြီး ကြို းစားတိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းပြည်သူတွေအတွက် ပြ ည်သူတွေအားလုံးကလည်း လှိုက်လှိုက်လှဲလှဲနဲ့ လေးစားဂုဏ်ပြုရင်း ဆုတောင်းပေးထားကြပါတယ်..။

crd#original writer