News

လူ့ဘဝပြန်လာခဲ့ရင်မေမေကိုတစ်ကြိမ်လောက်တော့လာတွေ့ပါနော် “ကျဆုံးသူသားလေးရဲ့ နောက်ဆုံးအမှတ်တရ တွေကိုပြန်ကြည့်ရင်း မျက်ရည်တွေကျပြီး အရမ်းလွမ်းနေရှာတဲ့ မိခင်တစ်ဦး

လက်ရှိအခြေအနေမှာ မိဘတွေအနေနဲ့လည်း မိမိတို့ရဲ့သားသမီးတွေကို မထင်မှတ်ဘဲ ခွဲခွါလိုက်ရလို့ နေ့ရက်တိုင်းဝမ်းနည်းပူဆွေးနေရတာပဲဖြစ်ပါတယ်။မတ်လတုန်းက ယုဇနဥယျာဉ်ပုဏ္ဏမီမှာ ဦးခေါင်းကို ကျည်ထိပြီး ကျဆုံးခဲ့ရတဲ့ မောင်ခန့်အောင်ဖြိုးရဲ့ မိခင်ကတော့ သားဖြစ်သူကို ယနေ့ထိတိုင် လွမ်းဆွတ်သတိရနေတာပဲဖြစ်ပါတယ်။

သားလေး နောက်ဆုံးပို့ခဲ့တဲ့ စာတွေကို အကြိမ်ကြိမ်ပြန်ဖတ်၊အသံလေးကို ခဏခဏနားထောင်ရင်း မျက်ရည်တွေကျနေရှာတာဖြစ်ပါတယ်။

မောင်ခန့်အောင်ဖြိုးက ငယ်ငယ်ကတည်းက ပညာရေးမှာထူးချွန်ပြီး ဆုတွေလည်းမကြာခဏရရှိခဲ့တာဖြစ်ပါတယ်။ဒါ့ကြောင့် မောင်ခန့်အောင်ဖြိုးက မိခင်ကို “မေမေ ဘွဲ့နှင်းသဘင်မတက်ဖူးရင် သားရောက်အောင်ပို့ပေးမယ်”ဆိုပြီး ပြောခဲ့သေးတာဖြစ်ပါတယ်။

မိခင်ခမျာမှာတော့ အမေတစ်ခုသားတစ်ခုဘဝမှာ သားလေးကိုဆုံးရှုံးလိုက်ရလို့ နေ့ရက်တိုင်းကို မျက်ရည်တွေနဲ့ပဲ အဖော်ပြုနေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း မောင်ခန့်အောင်ဖြိုးရဲ့ အမှတ်တရဗီဒီယိုလေးတွေကို ပြန်ကြည့်ရင်း လွမ်းနေတာဖြစ်ပါတယ်။

မိခင်ကတော့ တစ်ယောက်တည်းနေရတဲ့ဘဝမှာ အရမ်းအထီးကျန်ပြီး အားငယ်နေတဲ့အပြင် သားလေးလူ့ဘဝပြန်လာရင် သူမကို တစ်ကြိမ်လောက်လာတွေ့ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

သူရဲကောင်းမောင်ခန့်အောင်ဖြိုးရဲ့မိခင်က “သားသားရေ မေမေကံဆိုးတယ်ဘယ်သူပြောလဲ မေမေကိုယ်တိုင်လည်းမပြောခဲ့ဘူး မေမေ့မှာသားသားအသံတွေကြားခွင့်ရှိနေသေးတယ်။

 သားသားလှုပ်ရှားတာတွေမြင်နေရသေးတယ် အရှုံးထဲမှာအမြတ်ပေါ့သားလေးရဲ့အခုချိန်ထိကျနေတဲ့မျက်ရည်တွေကိုတော့တောင်းပန်ပါတယ်သားရယ်”ဆိုပြီး မောင်ခန့်အောင်ဖြိုးရဲ့ ဗီဒီယိုလေးတွေကို မျှဝေလာတာဖြစ်ပါတယ်။

မေမေကိုဖုန်းလေးတစ်ခါလောက်ပြန်ခေါ်ပါလို့ပြောလို့မရမှန်းမေမေသိတယ်
ဒါပေမယ့်
အကြိမ်ကြိမ်သားပို့ခဲ့တဲ့စာတွေပြန်ဖတ်
အကြိမ်ကြိမ်သားပို့ခဲ့တဲ့အသံလေးတွေနားထောင်

လွမ်းနေမိတော့တာပါဘဲသားသားရယ်
မေမေ့မျက်ရည်တွေကြောင့်သားသားကိုတောင်းပန်ပါတယ်သားသား
လွမ်းတယ်သားသားရယ်

မေမေတကယ်ဘဲနာကျင်ရတယ်
ကြာရင်မေ့မယ်ပြောတဲ့သူတွေကိုလဲမေမေအပစ်မတင်ပါဘူးသားရယ်…သူတို့ဟာမေမေမှမဟုတ်တာ
မေမေ
သိတ်အထီကျန်ပြီး
အားငယ်တာဘဲသားသားရယ်

အချို့လူတေဘယ်လိုနေကြလဲမေမေမေးကြည့်ချင်တယ်

မေမေကတော့နေ့ကရက်လကူးလာလေ
သားသားမရှိတာသိလာလေ
ပိုအားငယ်လာလေသားသား

မေမေပြုသမျှဘဝကူးအထောက်အပံ့ကောင်းများရရှိပါစေ
မေမေ့သားလေးအေးချမ်းပါစေ

Videoကြည့်ရန်

လူ့ဘဝပြန်လာခဲ့ရင်မေမေကိုတစ်ကြိမ်လောက်တော့လာတွေ့ပါနော်

Videoကြည့်ရန်

Crd