Celebrity News

အကိုဖြစ်သူ ပြေတီဦးရဲ့ ငယ်ဘဝနဲ့ ပတ်သက်တဲ့အမှတ်တရတွေကိုပြောပြလာရင်း လွမ်းဆွတ်သတိရနေတဲ့ ညီမဖြစ်သူ ငွေတီဦး

ပရိသတ်ကြီးရေ သရုပ်ဆောင် ပြေတီဦးကတော့ လက်ရှိ အင်းစိန်ထောင်ထဲမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်နော်။ေြ ပတီဦးရဲ့ မိဘများဟာ အသက်အရွယ် ကြီးမြင့်နေပြီ ဖြစ်တာကြောင့် သားအတွက်စိတ်ပူနေကြတာလည်း ဖြစ်ပါတယ်နော်။

မနေ့က အူဝဲလွတ်လာပြီဆိုပြီး သတင်းတွေ ထွက်ခဲ့ပေမယ့်ကောလဟာလတွေသာ ဖြစ်တယ်လို့လည်း မိသားစုဝင်များမှ ပြန်ဖြေရှင်းထားတာပါနော်။

ပြေတီဦးတွင် အကြီးဆုံးအစ်မ ဆွီတီဦးနဲ့ အငယ်ဆုံး ညီမလေး ငွေတီဦးဆိုပြီး ရှိပါသေးတယ်နော်။ငွေတီဦးကတော့ ပြေတီဦးရဲ့ ကလေးဘဝက အမှတ်တရတစ်ခုကို ပြောပြလာပါပြီနော်။သူတို့ငယ်ငယ်တုန်းက မောင်နှမနှစ်ယောက် အရမ်းချစ်ခဲ့ကြတာကိုလည်း ဖတ်ရှုပေးကြပါဦးနော်။

” ငယ်ငယ်တုန်းက သူဆုယူရင် ဘေးကလိုက်ပီး သူရတဲ့ဆုတွေလိုက်သယ်ရတယ်..ကြီးတော့ သူ့ကိုပေးတဲ့ ပန်းတွေလိုက်သယ်ရပြန်ရော..မေမေ တစ်လတစ်ခါ ရန်ကုန်သွားရင် မေမေ့ကိုလွမ်းရင်း မောင်နှမနှစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန်တွေကို သတိရမိတယ်..

အဲ့တုန်းက ကိုယ်က သူငယ်တန်းတောင်မရောက်သေးတဲ့ လက်ဖက်မစား ကွမ်းမစား အပျော်တက်တုန်း..ဆရာကြီးရယ်ကိုကြီးမျက်နှာလေး ကြည့်ပါရစေဆိုပြီး သူ့အတန်းကို သွားချောင်း ခဲ့ရဘူးတယ်..သူကလည်း မေမေ့ကိုလွမ်းလို့ မျက်ရည်တွေတွေကျတော့.

.ဆရာမက ဘာဖြစ်လို့လဲ မေးတာပေါ့..မေမေ့ကိုလွမ်းလို့ ဆိုတော့မေမေသွားတာ ညီမလေးရောပါလားဆိုပြီး ဆရာမက သူ့ကို မေးတယ်..ဟင့်အင်း ညီမလေးလည်း မပါဘူး ဆိုတော့..ညီမလေးကိုတောင် ထားခဲ့တာ မင်းက ငိုနေစရာလားဆိုပီး ဇာတ်ပိုးကို ရိုက်လိုက်တာနှဖူးနဲ့ ခုံစောင်းနဲ့ ရိုက်မိလို့ဒဏ်ရာရပါရော..ဒဏ်ရာနဲ့ပြန်လာတဲ့သားကိုမြင်ပြီး ဖေဖေက ဒေါသထွက်ရောပေါ့..ဒီလောက်တောင်လုပ်ရလားဆိုပီးဆရာမကို စိတ်တိုတာပါ..

ဘာရယ်မဟုတ်ဘူး..မန်မိုရီပြန်တက်လာတော့ငယ်ငယ်တုန်းက အကြောင်းတွေခေါင်းထဲပြန်ရောက်လာလို့..” လို့ငွေတီဦးမှ ရေးထားပါတယ် ပရိသတ်ကြီးရေ….

celeupdatenews
Unicode Version

အကိုဖြစ်သူ ပြေတီဦးရဲ့ ငယ်ဘဝနဲ့ ပတ်သက်တဲ့အမှတ်တရတွေကိုပြောပြလာရင်း လွမ်းဆွတ်သတိရနေတဲ့ ညီမဖြစ်သူ ငွေတီဦး
