News
တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ ပြောင်း အလုပ်သမားများကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်
တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ ပြောင်း အလုပ်သမားများကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်
ဇွန်လ (၇) ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၇)ဦးနှင့် ခေါ်ဆောင်လာသူ (၃)ဦးတိုကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ယင်းဖြစ်စဥ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၇)ဦး နှင့် ခေါ်ဆောင်လာသူ (၃)ဦးတို့ဟာ ထိုင်းနိုင်ငံ ပကျွတ်ခီလီခမ်ခရိုင်၊ စမွတ်ဆာခွန်ခရိုင် နှင့် ချွန်ဘူရီခရိုင်တို့မှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့အတွက် ပကျွတ်ခီလီခမ်ခရိုင် နှင့် ကန်ချနဘူရီခရိုင်တို့ကို တစ်နေ့ထဲမှာပဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝ င်ရောက်လာတာကြောင့် ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးရမိခဲ့တာနဲ့ ပတ် သက်ပြီး ထိုင်းစစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်များအရ ဇွန်လ (၇)ရက်နေ့တွင် ပကျွတ်ခီလီခမ်ခရိုင် မေ(င်)မြို့နယ်မှာ မြန်မာအလုပ်သမား (၁၂)ဦး နှင့်အတူ ခေါ်ဆောင်လာသူ အမျိုးသား (၃)ဦးတို့ကို မနက် ၁၀ နာရီလောက်မှာ ဖမ်းဆီးရမီခဲ့သလို ည နေ ၃ နာရီခွဲလောက်မှာလည်း ကန်ချနဘူရီခရိုင်၊ စိုင်ယို့မြို့နယ်က ဘိုတီကျေးရွာတွင် မြန်မာအလုပ်သမား(၅)ဦးတို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ယင်း ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ အမျိုးသား (၁၁)ဦး နှင့် အ မျိုးသမီး(၆)ဦး ဖြစ်တယ်လို့ သိရပါတယ် ။ ဒါ့အပြင် တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ ဖမ်းဆီးရမိသူ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းစစ်တပ်က ကိုဗစ်ရောဂါပိုးရှိမရှိ အ ပူချိန်များတိုင်းတာ စစ်ဆေးခဲ့တာကိုလည်း တွေ့ရပါတယ်။
ယခုလို ဖြစ်စဥ်မျိုးတွေနဲ့ အလားတူ ထိုင်းနယ်စပ်တွေမှာ တရာ းမဝင်ဖြတ်ကျော်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများ မကြာခဏ ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်။
Photo Credit – Original Upload
zawgyi
ဇွန်လ (၇) ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၇)ဉီးနှင့် ခေါ်ဆောင်လာသူ (၃)ဉီးတိုကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ယင်းဖြစ်စဉ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၇)ဉီး နှင့် ခေါ်ဆောင်လာသူ (၃)ဉီးတို့ဟာ ထိုင်းနိုင်ငံ ပကျွတ်ခီလီခမ်ခရိုင်၊ စမွတ်ဆာခွန်ခရိုင် နှင့် ချွန်ဘူရီခရိုင်တို့မှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့အတွက် ပကျွတ်ခီလီခမ်ခရိုင် နှင့် ကန်ချနဘူရီခရိုင်တို့ကို တစ်နေ့ထဲမှာပဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝ င်ရောက်လာတာကြောင့် ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးရမိခဲ့တာနဲ့ ပတ် သက်ပြီး ထိုင်းစစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်များအရ ဇွန်လ (၇)ရက်နေ့တွင် ပကျွတ်ခီလီခမ်ခရိုင် မေ(င်)မြို့နယ်မှာ မြန်မာအလုပ်သမား (၁၂)ဉီး နှင့်အတူ ခေါ်ဆောင်လာသူ အမျိုးသား (၃)ဉီးတို့ကို မနက် ၁၀ နာရီလောက်မှာ ဖမ်းဆီးရမီခဲ့သလို ည နေ ၃ နာရီခွဲလောက်မှာလည်း ကန်ချနဘူရီခရိုင်၊ စိုင်ယို့မြို့နယ်က ဘိုတီကျေးရွာတွင် မြန်မာအလုပ်သမား(၅)ဦးတို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။