News

မေသစ္စာမောင်နဲ့ အန်တီကြီးတို့ထိုင်တဲ့ဘက်အခြမ်းမှာ ပြင်းပြင်းထန်ထန် အတိုက်ခံလိုက်ရလို့ တံခါးပါချိုင့်ဝင်နေတဲ့ Probox Taxi ရဲ့အခြေအနေ

မေသစ္စာမောင်နဲ့ အန်တီကြီးတို့ထိုင်တဲ့ဘက်အခြမ်းမှာ ပြင်းပြင်းထန်ထန် အတိုက်ခံလိုက်ရလို့ တံခါးပါချိုင့်ဝင်နေတဲ့ Probox Taxi ရဲ့အခြေအနေ

အင်းယားလမ်း ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးသွ ားရသူတွေရဲ့ ရုပ်ကလာပ်ကို ဒီနေ့မှာ ကျန်ရစ်သူမိသားစုက သင်္ဂြိုလ်ခဲ့ကြတာဖြစ်ပါတယ်။မော်ဒယ်မေသစ္စာမောင်ရဲ့ ရုပ်က လာပ်ကို ရေဝေးသုသာန်မှာ သင်္ဂြိုလ်ခဲ့ပြီး Taxi ယာဉ်မောင်း ဦးလေးကြီးတို့ဇနီးမောင်နှံကိုတော့ ထိန်ပင်သုသာန်ကိုပို့ဆောင်ကာ မီးင်္သဂြိုလ်ခဲ့ကြတာဖြစ်ပါတယ်။

 

 

သေဆုံးသူသုံးယောက်လုံးရဲ့ နောက်ဆုံးခရီးကို ကျန်ရစ်သူမိ သားစုနဲ့၊သူငယ်ချင်း၊မိတ်ဆွေတွေကဝမ်းနည်းကြေကွဲစွာ လိုက် ပါပို့ဆောင်ပေးကြတာဖြစ်ပါတယ်။ Taxi ယာဉ်မောင်း ဦး လေးကြီးတို့ဇနီးမောင်နှံရဲ့ ကျန်ရစ်သူသားလေးကလည်း အ ဖေနဲ့အမေကို ဦးချကန်တော့ပြီးနောက်ဆုံးအနေနဲ့နှုတ်ဆက်ခဲ့ရှာတာဖြစ်ပါတယ်။

 

 

အဲ့ဒီလူငယ်လေးကို သူ့ရဲ့သူငယ်ချင်းတွေကလည်း ကူညီဖေးမကြပြီး ဘေးနားမှာနေပေးကြတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း မသေသင့်ဘဲ သေသွားရတဲ့ အသက်သုံးချောင်းအတွက် ယူကြုံးမရဖြစ်နေကြတာဖြစ်ပါတယ်။ကျန်ရစ်သူသားလေးကလည်း သူ့ရဲ့မိဘနှစ်ပါးအတွက်တရားမျှတမှုရအောင် ကြိုးစားနေတာပဲဖြစ်ပါတယ်။

 

 

တစ်ဖက်ယာဉ်က မီးနီကိုဖြတ်မောင်းပြီး အရှိန်ပြင်းပြင်းဝင်တို က်မှုကြောင့် Probox Taxi တစ်ခြမ်းလုံး ရစရာမရှိအေ ာင် ချိုင့်ဝင်သွားတာဖြစ်ပါတယ်။တံခါးချိုင့်ဝင်နေတဲ့ နေရာက မေသစ္စာမောင်နဲ့ ယာဉ်မောင်းဦးလေးကြီးရဲ့အမျိုးသမီးတို့ ထိုင်တဲ့ဘက်အခြမ်းဖြစ်ပါတယ်။

 

 

ရုတ်တရက်ဖြစ်ပေါ်လာတဲ့အခြေအနေမှာ ကွယ်လွန်သူတွေလ ည်းဘာမှမသိလိုက်ခင်အချိန်မှာပဲ ဒီလိုအဖြစ်ဆိုးကြီးကို ကြုံ တွေ့လိုက်ရတာဖြစ်ပါတယ်။သေဆုံးသူ(၃)ယောက်ရဲ့ကျန်ရစ်သူမိသားစုဝင်တွေကို ကိုယ်ချင်းစာမိပြီး တရားမျှတမှုရပါစေလို့ ဆုတောင်းရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd#original writer