Celebrity News News

လူရွှင်တော်ဘဝကနေ မိလ္လာကျွင်းတူးဘဝရောက်သွားတယ်ဆိုပြီး လှောင်ပြောင်လာတဲ့သူကို ထိထိမိမိတုံ့ပြန်လိုက်တဲ့ တိုင်းကျော်ရဲ့စကားတစ်ခွန်း

လူရွှင်တော်ဘဝကနေ မိလ္လာကျွင်းတူးဘဝရောက်သွားတယ်ဆိုပြီး လှောင်ပြောင်လာတဲ့သူကို ထိထိမိမိတုံ့ပြန်လိုက်တဲ့ တိုင်းကျော်ရဲ့စကားတစ်ခွန်း

နာမည်ကြီးလူရွှင်တော်အဖွဲ့ဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ကတော့ လက်ရှိမှာဆိုရင် စစ်ပညာသင်ယူဖို့အတွက် တောထဲတောင်ထဲမှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့က ကိုယ့်အားကိုယ်ကိုးပြီး ရှိတာလေးနဲ့ အဆင်ပြေအောင် နေထိုင်စားသောက်နေကြတာပဲ ဖြစ်ပါတယ် ။

 

အခက်အခဲ၊ဒုက္ခမျိုးစုံကို ရင်ဆိုင်နေရပေမယ့်လည်း ဆက်လ က်အားတင်းရင်းနဲ့ပဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ အခိုင်အမာ ရပ်တည်နေကြတာ ဖြစ်ပါတယ် ။တောထဲကိုရောက်စအချိန်မှာတော့ ဟားငါးကောင်အဖွဲ့က စားဝတ်နေရေးနဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေ ကြုံတွေ့နေရပေမယ့်လည်း ကြံ့ကြံ့ခံရင်ဆိုင်နေကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ် ။

 

သူတို့ကတော့ နေဖို့အိမ်ကအစ ကိုယ်တိုင်ဆောက်လုပ်ရသလို အဲ့ဒီအိမ်ကလည်း မိုးမလုံတာကြောင့် အိပ်စရာနေရာတောင်မရှိတဲ့ အခြေအနေတွေ ရောက်ခဲ့ရတာ ဖြစ်ပါတယ်  အခုလည်း မြေကျင်းတူးနေတဲ့ ဟားငါးကောင်အဖွဲ့ရဲ့ဓာတ်ပုံကို လူတစ်ယောက်က လှောင်ပြောင်သရော်ခဲ့တာ ဖြစ်ပါတယ် ။

 

 

ဒါကြောင့် လူရွှင်တော်တိုင်းကျော်က သူတို့ကို လှောင်တဲ့သူကို ပညာသားပါပါနဲ့ ထိထိမိမိလေး တုံ့ပြန်လိုက်တာ ဖြစ်ပါတယ် ။ တိုင်းကျော်က တောထဲရောက်တာတောင်အရှက်တရားနဲ့ စည် းကမ်းရှိတဲ့ သူတို့အဖွဲ့ ကို ပြည်သူတွေသိအောင် အခုလိုပံ့ပိုးရေးသားပေးတဲ့အတွက် ကျေးဇူးတောင်တင်မိကြောင်း ပြောခဲ့တာ ဖြစ်ပါတယ် ။

 

ဒါ့အပြင် သူတို့အဖွဲ့က ပြည်သူတွေ ကျေကျေနပ်နပ်နေခိုင်းတဲ့အထိ အဲ့ဒီနေရာကနေ တစ်ဖဝါးမှခွာမဟုတ်ကြောင်း စကားပါးခဲ့တာလည်း ဖြစ်ပါတယ် ။

crd#original writer