Articles

မိုးရွာလို့ သောက်ရေအနည်းငယ်ရပေမယ့် မိုးမလုံတဲ့တဲလေးတွေကြောင့် နေထိုင်မှုတွေအပြင် အစစအရာရာ ပိုပြီးခက်ခဲလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေ

လက်ရှိအခြေအနေတွေကြောင့် နယ်မြို့တွေမှာ သူရဲကောင်းပြည်သူတွေနဲ့ စစ်ကာင်စီတပ်ဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေပြီးမြို့ခံပြည်သူတွေအများအပြား စစ်ဘေးရှောင်နေကြရတာ တွေ့ရပါတယ်။

လူထုလှုပ်ရှားမှုတွေမှာ အကြမ်းဖက်ဖြိုခွင်းမှုတွေအပြင် တိုက်ပွဲတွေကြောင့် အသက်ပေးကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက် ပြည်သူတွေက ဂုဏ်ပြုလေးစားကြသလို စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း ဖေးမကူညီမှုတွေ ပြုလုပ်နေကြတာပါ။

Photo Credit

ပြည်သူတွေကအချင်းချင်း တတ်နိုင်သလောက် ကူညီနေကြသလို စစ်ဘေးရှောင်ပြည်သူတွေကိုလည်း စာနာနားလည်မှုတွေနဲ့ ကိုယ်ချင်းစာကာ လိုအပ်တာတွေကို လှူဒါန်းမှုတွေပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် အခုလိုမိုးတွင်းအချိန်အခါမှာလည်း သောက်သုံးရေအတွက် အနည်းငယ်အဆင်ပြေလာပေမယ့် တစ်ဖက်မှာလည်း နေထိုင်မှုတွေနဲ့ ကျန်းမာရေးတွေကအစ ပိုပြီးခက်ခဲလာတဲ့အရာတွေ ရှိနေပြန်ပါတယ်။

Photo Credit
Photo Credit

တောထဲတောင်ထဲမှာ စစ်ပြေးနေကြရတာဖြစ်တဲ့အတွက် မိုးရွာလို့ သောက်ရေအနည်းငယ်ရပေမယ့် သွားလာဆက်သွယ်ရေးနဲ့ နေထိုင်မှုတွေအပြင် တကိုယ်ရည်အသုံးအဆောင်များ၊ ရေသန့်ဆေး၊ ရေသန့်စက်၊ စားနပ်ရိက္ခာတွေ လိုအပ်နေသလို ကျန်းမာရေးစောင့်ရှောက်မှုလည်းလိုအပ်နေကြောင်း သိရပါတယ်။

ပြည်သူတွေအနေနဲ့ကလည်း အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားကနေ လိုအပ်တာတွေကို ပို့ပေးကူညီကာ အရေးတော်ပုံကြီးမှာ တတ်နိုင်သလောက်အင်အားတွေနဲ့ ကြိုးစားပါဝင်နေကြတာလည်း တွေ့ရပါတယ်။

Photo Credit