Celebrity News News

မြန်မာ့အရေးမှာ အင်တိုက်အားတိုက် ပါဝင်ခဲ့သလို အခုလည်း စိတ်ခွန်အားဖြစ်စေမယ့် စကားတွေ များစွာ ပြောကြားလာတဲ့ Sinon

မြန်မာ့အရေးမှာ အင်တိုက်အားတိုက် ပါဝင်ခဲ့သလို အခုလည်း စိတ်ခွန်အားဖြစ်စေမယ့် စကားတွေ များစွာ ပြောကြားလာတဲ့ Sinon

ဖိလစ်ပိုင် Cat Walk မော်ဒယ်လ် Sinon Loresca ကတော့ မြန်မာနိုင်ငံကို ချစ်ခင်တွယ်တာပြီး ရိုးသားတဲ့ ပြည်သူတွေကို အချစ်ပိုမိတာကြောင့် မြန်မာနိုင်ငံမှာ အချိန်ကြာမြင့်စွာ နေထိုင်ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူပဲ ဖြစ်ပါတ ယ်။ Sinonက နိုင်ငံတကာမှာလည်း အောင်မြင်မှုတွေရရှိထ ားပြီး ပရိသတ်အားပေးမှုကို အခိုင်အမာပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါပဲနော်။

 

စိတ်ထား ဖြူစင်ပြီး ဖော်ရွေတဲ့ အပြောအဆိုနဲ့ အလှူသဒ္ဓါတ ရား ထက်သန်တဲ့ သူ့ကို မြန်မာနိုင်ငံက ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြတာပါ ။ သူကိုယ်တိုင် ကြိုးစားရှာဖွေထားတဲ့ အနုပညာငွေကြေးနဲ့ မကြာခဏဆိုသလို အလှူလေးတွေကိုလည်း ပြုလုပ်လေ့ရှိပါတယ်။

 

 

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သ က်ပြီးလည်း သူတတ်နိုင်တဲ့ ဘက်ကနေ ပါဝင်ကာ speak o ut တွေလည်း များစွာ လုပ်ပေးခဲ့သူတစ်ယောက်ပါ ။အကြေ ာင်းအမျိုးမျိုးကြောင့် မွေးရပ်နိုင်ငံကို ပြန်သွားရပေမယ့် ဒီနေ့ထိ မြန်မာလူမျိုးတွေကို သတိရနေမိကြောင်း အမြဲဖော်ပြခဲ့ပါတယ်။

 

 

အခုလည်း မြန်မာပြည်သူပြည်သားတွေကို အားမလျော့ကြဖို့ အားပေးစကားလေးတွေ ပြောကြားလာပါတယ် ။ ” ကျတော်မြန်မာ ကိုနောက်တစ်ကြိမ်ပြန်လာပီး ကျတော့်ရဲ့အချိန်တွေကို ချစ်စရာ မြန်မာလူမျိုးတွေနဲ့ အရင်လို ‌ပျော်ပျော်ရွှင်ရွှင်နေရဖို့မစောင့်နိုင်တော့ဘူး ကျတော် ဘုရားသခင်ဆီမှာ အမြဲ ဆုတောင် းပေးနေပါတယ် စစ်ပွဲတွေ အဆုံးသတ်ဖို့ကို ပီးတော့ အရင်လို မေတ္တာတွေအမြန်ဆုံးပြန်မြင်ရချင်နေပါပီဗျာ။

 

 

မြန်မာနိုင်ငံက ပြည်သူပြည်သားများ အားတင်းထားပါ ခင်ဗျာ ကျတော်တို့ အချိန် ကျရောက်လာတော့မှာပါ နိုင်ပွဲကို ကျတော်တို့ ဆင်နွဲပီးအောင်ပွဲခံရမယ့်အချိန်နီးပါပီ “ဆိုပြီး သူရဲ့ ရင်ထဲက ခံစားချက်လေးတွေကို ဝေမျှလာရာ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော် ။

crd#original writer

zawgyi



 

 


 

 


 

 


 

 


crd#original writer