News
မြန်မာ့အရေးကို အစွမ်းကုန်ကူညီပေးတဲ့ ကိုရီးယားအတွက် သွေးလှူပြီးကျေးဇူးဆပ်ခဲ့ကြတဲ့ ကိုရီးယားရောက်မြန်မာပြည်သူများ
မြန်မာ့အရေးကို အစွမ်းကုန်ကူညီပေးတဲ့ ကိုရီးယားအတွက် သွေးလှူပြီးကျေးဇူးဆပ်ခဲ့ကြတဲ့ ကိုရီးယားရောက်မြန်မာပြည်သူများ
မြန်မာ့နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ရတဲ့နည်းနဲ့အစွမ်းကုန်ကူညီပေးနေတဲ့ ကိုရီးယားနိုင်ငံသူ နိုင်ငံသားတွေဟာ လက်ရှိမြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို (၁၉၈၈ ) ခုနှစ်က ရင်ဆိုင်ကြုံတွေ့ခဲ့ရတာကြောင့် ဒီကာလတွေကို ကို ယ်ချင်းစာပြီး ကူညီဖေးမပေးကြတာပဲဖြစ်ပါတယ်။
ကိုယ်တိုင်ကြုံဖူးခဲ့တာကြောင့်လည်း ဘယ်လောက်ထိခက်ခဲစွာဖြတ်သန်းရမယ်ဆိုတာကို နားလည်တဲ့ ကိုးရီးယားအစိုးရနဲ့ ပြ ည်သူတွေဟာ မြန်မာပြည်သူတွေနဲ့ အတူတကွရပ်တည်ပေးပြီး ရတဲ့နည်းနဲ့ ကူညီပေးကြတာ တကယ်ကိုကျေးဇူးတင်စရာကေ ာင်းလွန်းပါတယ်။
ဒီနေ့မှာတော့ ကိုရီးယားနိုင်ငံ ဂယောင်ဂီပြည်နယ် ဂင်ဖိုမြို့ရှိကုန်ထုတ်စက်ရုံမှာအလုပ်လုပ်နေတဲ့ မြန်မာပြည်သားတွေဟာ ကိုရီးယားနိုင်ငံကို ရတဲ့နည်းနဲ့ပြန်လည်အကျိုးပြုချင်တာကြေလာင့် မိမိတို့ရဲ့သွေးကို စွန့်လွှတ်ပြီး ကိုရီးယားပြည်သူတွေအ တွက် လှူဒါန်းပေးခဲ့ပါတယ်။
လက်ရှိအလုပ်လုပ်နေတဲ့ ဂင်ဖိုမြို့က ပြည်သူတွေဟာလည်း ဆန္ဒပြပွဲတွေဖြစ်မြောက်အောင် ကူညီပေးသလို အလှူငွေနဲ့ စိတ်ခွန်အားတွေလည်း ပေးခဲ့ပါတယ်။ ဒီလိုကူညီပေးမှုတွေကြောင့် ‘Gimpo Myanmar Friends’ ဆိုတဲ့ လူ (၁၀၀) ကျော်ပါဝင်တဲ့ အဖွဲ့လေးလည်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒီလိုလုပ် ရပ်တွေကြောင့် ကျေးဇူးတင်တဲ့စိတ်နဲ့ အခုလို ပြန်လည်လှူဒါန်းရတာဖြစ်ကြောင်း သွေးလှူခဲ့သူတစ်ဦးကဆိုပါတယ်။
အခြေခံလစာနည်းပါးတဲ့မြန်မာပြည်မှာ မိသားစုရဲ့စားဝတ်နေရးအဆင်မပြေနိုင်တာကြောင့် ကိုရီးယားနိုင်ငံကိုထွက်ခွာပြီး စ က်ရုံမှာဝင်ရောက်လုပ်ကိုင်ကာ မိသားစုအတွက် ကြိုးစားပေးနေတဲ့ ကိုရီးယားရောက်မြန်မာပြည်သူတွေဟာ မိသားစုအတွ က်သာမက တိုင်းပြည်အတွက်ပါ တန်ဖိုးရှိကြသူ တွေပါ။
ကျေးဇူးတရားကိုလည်းသိတတ်ပြီး ပြန်လည်အကျိုးပြုတတ်တဲ့ စိတ်ထားရှိသူတွေမို့ ဒီထက်မက အောင်မြင်တဲ့ဘဝတွေကို ပိုင်ဆိုင်ရမှာအသေအချာပါပဲ။ မြန်မာ့နွေဦးတော်လှန်ရေးမှာ ဒီမိုကရေစီ လိုလားတဲ့ မြန်မာပြည်သူတွေအားလုံးဟာ တစ်စိတ်တည်းတစ်ဝမ်းတည်းရှိနေတယ်ဆိုတာကို ကိုရီးယားရောက်မြန် မာတွေက သက်သေပြလိုက်ပါပြီ။
crd#original writer
zawgyi
မြန်မာ့နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ရတဲ့နည်းနဲ့အစွမ်းကုန်ကူညီပေးနေတဲ့ ကိုရီးယားနိုင်ငံသူ နိုင်ငံသားတွေဟာ လက်ရြှိမန်မာပြည်သူတွေရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို (၁၉၈၈) ခုနှစ်က ရင်ဆိုင်ကြုံတွေ့ခဲ့ရတာကြောင့် ဒီကာလတွေကို ကိုယ်ချင်းစာပြီး ကူညီဖေးမပေးကြတာပဲဖြစ်ပါတယ်။
crd#original writer