News

အသက်ပေးသွားခဲ့ရတဲ့ မိုးဗြဲPDFလူငယ်တစ်ဦးရဲ့နောက် ဆုံးခရီးကို ဝမ်းနည်းကြေကွဲခြင်းတွေများစွာနဲ့လိုက်လံပို့ ဆောင်ပေးခဲ့ကြတဲ့ ပြည်သူများ

အသက်ပေးသွားခဲ့ရတဲ့ မိုးဗြဲPDFလူငယ်တစ်ဦးရဲ့နောက် ဆုံးခရီးကို ဝမ်းနည်းကြေကွဲခြင်းတွေများစွာနဲ့လိုက်လံပို့ ဆောင်ပေးခဲ့ကြတဲ့ ပြည်သူများ

အာဏာသိမ်းမှုတွေစတင်ဖြစ်ပွားအပြီး တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ဒေသခံတပ်တွေအကြား တိုက်ပွဲတွေအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျ င်တဲ့ မြန်မာလူငယ်တွေကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲဝင်ရောက်ပြီး အာဏာရှင်ကို စည်းစည်းလုံးလုံးနဲ့တွန်းလှ န်နေကြပါတယ်။

 

 

ရှမ်းနှင့် ကယားနယ်စပ် မိုးဗြဲတွင် ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကေ ာင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြားတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးမှုတွေလည်းရှိခဲ့ပါတယ်။အဆိုပါတိုက်ပွဲ မှာ မိုးဗြဲပြည်သူကာကွယ်ရေးတပ်ဖွဲ့( PDF)လူငယ်တစ်ဦးကျဆုံးသွားခဲ့လို့ ပြည်သူတွေကစိတ်မကောင်းဖြစ်နေကြပါတယ်။

 

 

မိုးဗြဲဒေသက ပြည်သူတွေများစွာကတော့ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းကိုညွှန့်စိန်ရဲ့နောက်ဆုံးခရီးကို ဝမ်းနည်းကြေကွဲခြင်းတွေများစွာနဲ့ လိုက်လံပို့ဆောင်ပေးခဲ့ကြပါတယ်။ တိုင်း ပြ ည်ဒုက္ခရောက်နေတဲ့အခုလိုအချိန်မှာ ကိုညွှန့်စိန်လို သူရဲကောင်းစိတ်ဓာတ်အပြည့်ရှိတဲ့ပြည်သူတစ်ဦးကျဆုံးခဲ့တာဟာ တိုင်းပြ ည်အတွက် များစွာဆုံးရှုံးနစ်နာစေခဲ့ပါတယ်။

 

 

ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရင်း ကျဆုံးသွားတဲ့ သူရဲကောင်းကိုညွှန့်စိန်အတွက် ပြည်သူတွေက စိတ်မကောင်းဖြစ်ဝမ်းနည်းနေကြပါတယ်။ ပြည်သူတစ်ယေ ာက်ကတော့ ” အသက်ပေးသွားတဲ့ သူရဲကောင်း Mg Vice isioရဲ့နောက်ဆုံးခရီး.ကောင်းရာသုကတိရောက်ပါစေ သူငယ် ချင်းအရေးတော်ပုံအောင်ရမယ် ”

 

 

ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးသွားခဲ့ရတဲ့ ကိုညွှန့်စိန်တစ်ယောက် ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေကြောင်းဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

crd#original writer