News

ယနေ့ ဇွန်လ (၇)ရက်နေ့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ နေရာတစ်ချို့မှာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေတဲ့ မြင်ကွင်းပုံရိပ်များ

ယနေ့ ဇွန်လ (၇)ရက်နေ့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ နေရာတစ်ချို့မှာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေတဲ့ မြင်ကွင်းပုံရိပ်များ

ယခုလက်ရှိ လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့နေတဲ့ ပုံရိပ်တစ်ချို့ကို ပြည်သူတွေအတွက် ဖော်ပြပေးချင်ပါတယ်။ ဒီပုံရိ ပ်တွေကတော့ ရန်ကုန်မြို့ရှိ နေရာတစ်ချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ် ။

 

 

ယနေ့ ဇွန်လ (၇)ရက်နေ့မှာတော့ ရန်ကုန်မြို့ရှိ နေရာတော် တော်များများမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာပဲ ဖြစ်ပါတယ် ။မိုးအရမ်းသည်းတဲ့အပြင် တစ်ချို့နေရာတွေမှာဆိုရင် မိုးခြိမ်းသံတွေနဲ့အတူ မိုးကြိုးပစ်သံတွေပါ အဆင်မပြတ်ကြားရကြေ ာင်း ပြည်သူတွေက သူတို့ရဲ့လူမှုကွန်ယက် စာမျက်နှာတွေကတစ်ဆင့် ရေးသားဖော်ပြနေကြတာ ဖြစ်ပါတယ် ။

 

 

အခုလည်း ပြည်သူတစ်ဦးက စော်ဘွားကြီးကုန်းမှာ ရေကြီးရေ လျှံမှု ဖြစ်ပေါ်နေတဲ့မြင်ကွင်းကို ဓာတ်ပုံရိုက်ပြီး မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ။ ဓာတ်ပုံတွေအရ စော်ဘွားကြီးကုန်းဝင်းအတွင်းရှိ နေရာအနှံ့မှာ ရေတွေပြည့်လျှံနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတ ယ် ။

 

 

ရေကြီးနေတာကြောင့် ပြည်သူတွေအနေနဲ့ သွားရေးလာရေး အ ခက်အခဲတွေနဲ့ ကြုံတွေ့နေရသလို ကားတွေမောင်းနှင်ဖို့အတွက်လည်း အဆင်မပြေဖြစ်နေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ယခုည နေ (၅)နာရီကျော်ဝန်းကျင်အထိ စော်ဘွားကြီးကုန်းမှာ ရေကြီးနေဆဲဖြစ်ကြောင်း ပြည်သူတစ်ဦးရဲ့ပြောပြချက်အရ သိရှိရပါတယ်။

 

 

စော်ဘွားကြီးကုန်းအပြင် အင်းစိန်ပန်းခြံအနီးတစ်ဝိုက်မှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတယ်လို့ ပြည်သူတစ်ဦးက မျှ ဝေထားတာ တွေ့ရပါတယ်။

crd#original writer