Celebrity News News

ဖမ်းဆီးခံခဲ့ရတာ၂လပြည့်ပြီဖြစ်တဲ့ ဆရာဖြစ်သူလူရွှင်တော်ဇာဂနာကို ယနေ့အချိန်ထိတစ်ရက်မှမေ့မရသေးကြောင်း ဖွင့်ဟလိုက်တဲ့ ငှက်ပျောကြော်

ဖမ်းဆီးခံခဲ့ရတာ၂လပြည့်ပြီဖြစ်တဲ့ ဆရာဖြစ်သူလူရွှင်တော်ဇာဂနာကို ယနေ့အချိန်ထိတစ်ရက်မှမေ့မရသေးကြောင်း ဖွင့်ဟလိုက်တဲ့ ငှက်ပျောကြော်

အနုပညာရှင်တွေများစွာကတော့ အမှန်တရားဘက်ကနေ ရပ် တည်နေပြီး ပြည်သူတွေနဲ့အတူ နွေဦးတော်လှန်ရေးကို ဆင်နွှဲခဲ့ကြပါတယ်။ နွေဦးတော်လှန်ရေးအတွင်းပါဝင်ခဲ့တာကြောင့် နာ မည်ကြီးအနုပညာရှင်တစ်ချို့ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

 

 

သရုပ်ဆောင်ပြေတီဦး၊အူဝဲ၊ရဲတိုက်၊ပိုင်တံခွန်၊ပိုပိုနဲ့ မေတိုးခိုင်တို့ဟာလည်း ဖမ်းဆီးခံခဲ့ရပြီး ပြည်သူတွေကတော့ အဆိုပါထိန်းသိမ်းခံခဲ့ရတဲ့ အနုပညာရှင်တွေအတွက် စိတ်မကောင်းဖြစ်နေကြပါတယ်။

 

ဖမ်းဆီးခံခဲ့ရတဲ့ အနုပညာရှင်တွေထဲမှာ လူရွှင်တော်ဇာဂနာလ ည်းတစ်ယောက်အပါအဝင်ဖြစ်ပြီး ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ ငှက်ပျောကြော်က တော့ ယခုမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ၂လပြည့်ပြီဖြစ်တဲ့ ဆရာဖြစ်သူလူရွှင်တော်ဇာဂနာကို ယနေ့အချိန်ထိ တစ်ရက်မှမေ့မရသေးကြောင်း ဖွင့်ဟလိုက်ပါတယ်။

 

 

ငှက်ပျောကြော်ကတော့ ” ဆရာသမားနှစ်လပြည့်ပြီ…တစ်နေ့မှမ မေ့ပါ ” ဆိုပြီး ဇာဂနာနဲ့အတူ ရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ပြည်သူတွေကတော့ လူရွှင်တော်ဇာဂ နာတစ်ယောက်ကျန်းမာပါစေ၊အမြန်ဆုံးပြန်လွတ်မြောက်ပါစေဆိုပြီး ဆုမွန်ကောင်းတောင်းပေးနေကြပါတယ်။

 

လူရွှင်တော်ဇာဂနာနဲ့ငှက်ပျောကြော်တို့ကတော့ ဇာတ်ကားတွေကိုလည်း အတူရိုက်ကူးခဲ့ကြသူတွေဖြစ်သလို အပြင်လက်တွေ့မှာလည်း ခင်မင်ရင်းနှီးကြတဲ့ အနုပညာရှင်တွေပဲဖြစ်ကြပါတ ယ်။ လူရွှင်တော်ဇာဂနာနဲ့ ငှက်ပျောကြော်တို့ရဲ့ အမှတ်တရပုံရိ ပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

crd#original writer