Celebrity News

သူမတင်လိုက်တဲ့ post တစ်ခုကြောင့် အလှူငွေကျပ်သိန်းပေါင်းများစွာ ရလို့ ကျေးဇးတင်ကြောင်း ထားထက်ထက်ပြောလာ

သူမတင်လိုက်တဲ့ post တစ်ခုကြောင့် အလှူငွေကျပ်သိန်းပေါင်းများစွာ ရလို့ ကျေးဇးတင်ကြောင်း ထားထက်ထက်ပြောလာ

ကျွန်မ ဇွန်လ ၂ ရက်နေ့မှာ တင်လိုက်တဲ့ ပိုစ့်လေးကို တွေ့တွေ့ချင်း အားတက်သရော နဲ့ ဝိုင်းဝန်း ကူညီပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင် …

   

ကျွန်မတို့ အတွက် တကယ်အားဖြစ်စေပါတယ် …ကျွန်မ တင်ထားတဲ့ ပိုစ့်လေးမှ ကိုရီးယား အကောင့်ကိုလှူရင် မရွှေမိုး ကိုရီးယားထံသို့ရောက်ပါတယ်..

ဂျပန်မှာဆိုရင် ကိုမင်းသက်ထွန်း ၊ စင်္ကာပူမှာဆိုရင် မထက်ထက်အောင်၊ US မှာဆိုရင် ကိုဒီးရမ် နဲ့UK မှာဆိုရင် ကိုစိုင်းထက်တို့ ထံသို့ လူသား ချင်းစာနာမှု အလှူငွေများအနေနဲ့ လှူဒါန်းပေး နိုင်ပါတယ်ရှင် …

ထိုင်း နဲ့ မလေးရှားတို့မှ တိုက်ရိုက် လှူဒါန်းလိုသူများအတွက်လဲ ကျွန်မတို့ ဆက်ပြီးတော့ကြိုးစားသွားပါမယ်ရှင် ..

   

အခုအချိန်အထိ ကျွန်မတို့ လက်ခံရရှိထားတဲ့ အလှူငွေကတော့…ထိုင်းဘတ် ၁၅၀၀၀ ၊ ကိုရီးယားဝမ် ၅၃ သိန်း ၊ဂျပန်ယန်း ၁ သိန်း ၃ သောင်း ၊စတာလင်ပေါင် ၉၀၀ ၊ စင်္ကာပူဒေါ်လာ ၁၅၂၀ ၊ ဘစ်ကွိုင် USD ၅၉၃၃ ၊ GY3 Group မှ ကျပ် ၃၂ သိန်း ၊ ရွှေရောင်သစ်မှ ကျပ် ၅ သိန်းခွဲ လက်ခံရရှိထားပါတယ်ရှင် …

လှူဒါန်းပေးကြတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်ရှင် …

   

ဆက်ပြီးတော့ တတ်နိုင်တဲ့ဘက်ကနေ ဝိုင်း ဝန်းကူညီပေးကြဖို့နဲ့ ကျွန်မတို့ အတူတူဆက်လက်တိုက်ပွဲဝင်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်ရှင် …