Celebrity News

ချစ်ရတဲ့ သားသမီးတွေနဲ့အတူ ဆော့ကစားပေးကာ ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးပေးခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေကို ရပ်နားထားကာ ပရဟိတအလုပ်တွေကိုပဲ တစိုက်မတ်မတ် လုပ်ဆောင်နေသူတစ်ယောက်ပါ။ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ ကလေးငယ်တွေကို လက်လှမ်းမှီသလောက် ကူညီစောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေဟာ အများက လေးစား အချစ်ပိုနေရတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ 

 

မိဘမဲ့ ကလေးလေးတွေအတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေနဲ့ စွမ်းသလောက် စောင့်ရှောက်မှုတွေပေးခဲ့ပါတယ်။မိဘမေတ္တာငတ်နေတဲ့ ကလေးလေးတွေ အတွက်ကတော့ ခိုင်နှင်းဝေရဲ့ မိဘမဲ့ကလေးဂေဟာလေးက တန်ဖိုးမဖြတ်နိုင်တဲ့ နေရာလေးတစ်ခုပါ။ ကလေးလေးတွေကလည်း တဖြည်းဖြည်း အရွယ်ရောက်လာကြကာ အရမ်း ချစ်စရာကောင်း နေပြီလည်း ဖြစ်ပါတယ်။

 

ခိုင်နှင်းဝေကတော့ ကလေးတွေကို သားသမီး အရင်းတွေလို ချစ်ခင်ပြီး အချိန်ရရင်ရသလို ကလေးတွေကို အချိန်ပေးပြီး ကိုယ်တိုင်ပြုစုစောင့်ရှောက်နေခဲ့ပါသေးတယ်။ဒီနေ့မှာလည်း ချစ်ရတဲ့သားတွေသမီးတွေနဲ့ အတူ အဖော်ပြု ဆော့ကစားပေးရင်း ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးခဲ့ပါတယ် ။ ပျော်ရွှင်နေကြတဲ့ ကလေးလေးတွေရဲ့ ပုံလေးတွေကြည့်ပြီး ကြည်နူးမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Khine Hnin Wai