News

ကူးစက်မှုမြန်တဲ့ covid-19 ဗိုင်းရပ်မျိုးကွဲသစ် တွေ့ရှိခဲ့တဲ့ သြစတြေးလျ

ကူးစက်မှုမြန်တဲ့ covid-19 ဗိုင်းရပ်မျိုးကွဲသစ် တွေ့ရှိခဲ့တဲ့ သြစတြေးလျ

သြစတြေးလျ နိုင်ငံအတွင်းမှာတော့ ကူးစက်မှုမြန်တဲ့ Delta Covid-19 ဗိုင်းရပ်မျိုးကွဲတစ်ခုကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

၄င်းကူးစက်မြန် ကိုဗစ်ဗိုင်းရပ်ပိုးဟာ သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်က မြို့တော်မဲလ်ဘုန်းမှာ စစ်ဆေးတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

 

 

ဒီ Delta Covid-19 ဗိုင်းရပ်မျိုးကွဲဟာ စိုးရိမ်ပူပန်ရမဲ့ ဗိုင် းရပ်အမျိုးအစား ဖြစ်ပြီး သြစတြေးလျ နိုင်ငံတစ်ဝန်းက ကိုဗစ်ကူးစက်ခံရမှုတွေနဲ့ ဆက်စပ်မှု မရှိဘူးလို့လည်း သိရပါတယ်။
ဒါ့အပြင် ဒီဗိုင်းရပ်ဟာ အိန္ဒိယနဲ့ ယူကေမှာ လတ်တလော အ တွေ့များနေတဲ့ ဗိုင်းရပ် ဖြစ်တယ်လို့လည်း သိရပါတယ်။

 

 

သြစတြေးလျအနေနဲ့လည်း လက်ရှိမှာ ဗိုင်းရပ်မျိုးကွဲသစ်တွေ့ရှိရာ မဲလ်ဘုန်းမြို့မှာ ကွာရန်တင်းစင်တာတစ်ခု လုပ်ဆောင်ဖို့ စီစဥ်နေကြောင်း သိရပါတယ်။

 

 

လက်ရှိအချိန်ထိဆိုရင်လည်း သြစတြေးလျနိုင်ငံအတွင်းမှာ covid-19 ရောဂါပိုးကူးစက်ခံရသူပေါင်း ၃၀၁၅၀ ရှိနေပြီဖြစ်သလို သေဆုံးသူပေါင်းကလည်း အယောက် ၉၁၀ ရှိနေပြီပဲ ဖြစ်ပါတယ်။

crd#original writer

zawgyi



၎င်းကူးစက်မြန် ကိုဗစ်ဗိုင်းရပ်ပိုးဟာ သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်က မြို့တော်မဲလ်ဘုန်းမှာ စစ်ဆေးတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

 

 


 

 


 

 


crd#original writer