Celebrity News

နွေဦးမှာ ကြွေလွင့်ခဲ့ရတဲ့ကိုချစ်မင်းသူရဲ့ကျန်ရစ်ခဲ့တဲ့ ကိုယ်ဝန်ဆောင်ဇနီးကို မွေးဖွားပြီးတဲ့အထိ တာဝန်ယူပေးမဲ့ နီနီခင်ဇော်

ပရိသတ်ကြီးတို့ရေ ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေများစွာနဲ့ လျှောက်လှမ်းနေခဲ့တဲ့ နီနီခင်ဇော်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတာပဲဖြစ်ပါတယ်။

နီနီခင်ဇော်က Melody World သီချင်းဆိုပြိုင်ပွဲကနေမှတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး ဂီတဆုတွေကိုလည်း အများကြီး ရရှိထားတာပဲဖြစ်ပါတယ်။

အဆိုတော် နီနီခင်ဇော်ကတော့ လက်ရှိကာလ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများမှာလည်း ကျရာအခန်းကဏ္ဍကနေ ပါဝင်ကူညီ အားဖြည့်ပေးနေသလို သူမတတ်မြောက်ထားတဲ့

ဆေးပညာရပ်တွေနဲ့လည်း ဆေးရုံတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ပြည်သူများအတွက် ပရဟိတဆေးခန်းတွင် ဆေးကုသပေးနေသူပါ။အခုလိုမျိုး အရေးကြုံတဲ့အခါ ပြည်သူတွေနဲ့အတူတူ

တစ်သွေးတည်း တစ်သားတည်း ရပ်တည်ပေးနေတာကြောင့်လည်းပရိသတ်တွေက လေးစားချစ်ခင်နေကြတာပါ။မနေ့ကလည်း နီနီခင်ဇော်က နွေဦးတော်လှန်ရေးမှာပါဝင်ရင်း ကွယ်လွန်သွားရှာပြီဖြစ်တဲ့

သူရဲကောင်း ကိုချစ်မင်းသူရဲ့ နေအိမ်သို့ သွားရောက်ခဲ့တဲ့အကြောင်းကို နီနီခင်ဇော်ရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ်။

မြောက်ဒဂုံတွင် ကြွေလွင့်သွားတဲ့ ကိုချစ်မင်းသူရဲ့ ကျန်ရစ်ခဲ့တဲ့ ကိုယ်ဝန်ဆောင်ဇနီးနဲ့ သမီးလေးအတွက် တတ်နိုင်သလောက် သွားရောက်ကူပေးခဲ့ပြီး ကိုယ်ဝန်နဲ့ပတ်သတ်တဲ့ စောင့်ရှောက်မှုတွေဖြစ်တဲ့

ဆီးစစ်၊သွေးစစ်တာကနေစပြီး လိုအပ်တဲ့အရာမှန်သမျှကို ကူညီဆောင်ရွက်ပေးခဲ့တာပါ။ဒါ့အပြင်မွေးဖွားပြီးသည်အထိ သူမရဲ့သူငယ်ချင်း မတည်ထားတဲ့ ကုသိုလ်ဖြစ် သားဖွားဆေးခန်းကနေ

တာဝန်ယူသွားပေးမယ့်အကြောင်းကို ကျန်ရစ်ခဲ့တဲ့ ကိုယ်ဝန်ဆောင် ညီမလေးထံ စိတ်ဓာတ်မကျစေဖို့ အားပေးစကားတွေ သွားပြောခဲ့ကြတာပါနော်။ကိုချစ်မင်းသူ တာဝန်ကျေခဲ့သလို

ပြည်သူတွေအချင်းချင်း အပြန်အလှန်ကူညီနေကြတာ မြင်ရတဲ့အတွက်လည်း အားတွေဖြစ်ခဲ့ရတယ်လို့ နီနီခင်ဇော်က သူမရဲ့လူမှုကွန်ယက်တွင် ဝေမျှပေးထားတာပဲဖြစ်ပါတယ်နော်။C r d