News

အာဆီယံအလံကိုမီးရှို့ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မန္တလာမြေမှကျောင်းသားများရဲ့မြင်ကွင်းပုံရိပ်များ

အာဆီယံအလံကိုမီးရှို့ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မန္တလာမြေမှကျောင်းသားများရဲ့မြင်ကွင်းပုံရိပ်များ

ဒီကနေ့ ဇွန်လ (၅)ရက်နေ့ညနေပိုင်းအချိန်မှာတော့ မန္တလေးမြို့ကကျောင်းသား၊ကျောင်းသူတွေဟာ မြန်မာပြည်သူတွေနဲ့အတူမရပ်တည်တဲ့ အာ‌ဆီယံရဲ့အလံကိုမီးရှို့ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “AESAN အလံအားမီးရှို့ခြင်း…. ကျွန်ုပ်တို့ ငယ်စဉ်အခါက အာဆီယံဆိုသည်မှာ ဒေသတွင်းနိုင်ငံများအကြား အချင်းချင်း ဖေးမကူညီစောင့်ရှောက်ရန်နှင့် ပူးပေါင်းလုပ်ဆေ ာင်ရန်အတွက်ရည်ရွယ်ကာ ဖွဲ့စည်းခဲ့ကြသော အများကအား ကျရသည့် Asian Based အဖွဲ့ကြီး ဖြစ်သည်။

 

 

ယခုအခါ အချင်းချင်းကူညီစောင့်ရှောက်ခြင်းဆိုသည်မှာ မသူ တော်အချင်းချင်း ဖြစ်နေပြီး ပူးပေါင်းလုပ်ဆောင်ခြင်းဆိုသည်ကား ဒီမိုကရေစီကို ဖျက်ဆီးခြင်းဟု ကျွန်ုပ်တို့ မျက်ဝါးထင် ထင် ကြုံတွေ့နေရပြီဖြစ်သည်……။

“ယနေ့တွင်ပင် အာဆီယံဥက္ကဋ္ဌ(ကိုယ်စားလှယ်)နှင့် အတွင်း ရေးမှုးချုပ်ဆိုသူတို့သည် မြန်မာနိုင်ငံသို့ လာရောက်ကာ ဖက်ဆစ်အစိုးရအား အသိအမှတ်ပြုမှု ရရှိနိုင်ရင် ကြိုးစားလျက်ရှိသည်။ ကျွန်ုပ်တို့ တကသများသည်ကား UNကိုမမျှော် အာဆီယံကိုမမျှော် ကိုယ့်တိုင်းပြည်လွတ်လပ်ရေးကို ကိုယ်တိုင် တို က်ယူရမည်ဟုသာခံယူသည်။

 

 

ထို့ကြောင့် အနာဂတ်ဖက်ဒရယ်နိုင်ငံတော်အသစ်တွင် ယင်းမသူတော်တို့ ကြီးစိုးသော အာဆီယံဟုအမည်ခံသည့် အဖွဲ့ကြီးနှင့် ဆွေးနွေးပတ်သတ်ဆက်ဆံစရာမရှိသဖြင့် ဤမသူတော်အာဆီယံအလံအား မီးရှို့ဖျောက်ဖျက်ပစ်လိုက်သည်။သွေးကြွေ းမှာဆွေးနွေးစရာမရှိ…..” ဆိုပြီးရေးသားကာ ကျောင်းသားကျောင်းသူတွေရဲ့ သဘောထားကိုထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။

 

 

မြန်မာပြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို အသက်ပေါင် းများစွာပေးဆပ်ပြီးတိုက်ထုတ်နေရချိန်မှာ အာဆီယံနိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို အသိအမှတ်ပြုမှုရရှိစေနိုင်ရေးအတွက် ကြိုးပမ်းပေးနေခြင်းက ဆိုးရွားတဲ့လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။

အခုလိုအာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှုမရှိတဲ့ လုပ် ရပ်တွေကြောင့် ကျောင်းသားတွေကအာဆီယံအလံကို မီးရှို့ဆန္ ဒပြခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

crd#original writer

zawgyi

 

အာဆီယံအလံကိုမီးရိႈ႔ကာ ဆႏၵထုတ္ေဖာ္ခဲ့ၾကတဲ့ မႏၲလာေျမမွေက်ာင္းသားမ်ားရဲ့ျမင္ကြင္းပံုရိပ္မ်ား

 

ဒီကေန့ ဇြန္လ (၅)ရက္ေန့ညေနပိုင္းအခ်ိန္မွာေတာ့ မႏၲေလးၿမိဳ႔ကေက်ာင္းသား၊ေက်ာင္းသူေတြဟာ ျမန္မာျပည္သူေတြနဲ႔အတူမရပ္တည္တဲ့ အာ‌ဆီယံရဲ့အလံကိုမီးရိႈ႔ကာ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။ “AESAN အလံအားမီးရိႈ႔ျခင္း…. ကြၽႏ္ုပ္တို႔ ငယ္စဉ္အခါက အာဆီယံဆိုသည္မွာ ေဒသတြင္းႏိုင္ငံမ်ားအၾကား အခ်င္းခ်င္း ေဖးမကူညီေစာင့္ေရွာက္ရန္ႏွင့္ ပူးေပါင္းလုပ္ေဆ ာင္ရန္အတြက္ရည္ရြယ္ကာ ဖြဲ႔စည္းခဲ့ၾကေသာ အမ်ားကအား က်ရသၫ့္ Asian Based အဖြဲ႔ႀကီး ျဖစ္သည္။

 

 

ယခုအခါ အခ်င္းခ်င္းကူညီေစာင့္ေရွာက္ျခင္းဆိုသည္မွာ မသူ ေတာ္အခ်င္းခ်င္း ျဖစ္ေနၿပီး ပူးေပါင္းလုပ္ေဆာင္ျခင္းဆိုသည္ကား ဒီမိုကေရစီကို ဖ်က္ဆီးျခင္းဟု ကြၽႏ္ုပ္တို႔ မ်က္ဝါးထင္ ထင္ ႀကံဳေတြ့ေနရၿပီျဖစ္သည္……။

“ယေန့တြင္ပင္ အာဆီယံဥကၠ႒(ကိုယ္စားလွယ္)ႏွင့္ အတြင္း ေရးမႈးခ်ဳပ္ဆိုသူတို႔သည္ ျမန္မာႏိုင္ငံသို႔ လာေရာက္ကာ ဖက္ဆစ္အစိုးရအား အသိအမွတ္ျပဳမႈ ရရိွႏိုင္ရင္ ႀကိဳးစားလ်က္ရိွသည္။ ကြၽႏ္ုပ္တို႔ တကသမ်ားသည္ကား UNကိုမေမ်ွာ္ အာဆီယံကိုမေမ်ွာ္ ကိုယ့္တိုင္းျပည္လြတ္လပ္ေရးကို ကိုယ္တိုင္ တို က္ယူရမည္ဟုသာခံယူသည္။

 

 

ထို႔ေၾကာင့္ အနာဂတ္ဖက္ဒရယ္ႏိုင္ငံေတာ္အသစ္တြင္ ယင္းမသူေတာ္တို႔ ႀကီးစိုးေသာ အာဆီယံဟုအမည္ခံသၫ့္ အဖြဲ႔ႀကီးႏွင့္ ေဆြးေနြးပတ္သတ္ဆက္ဆံစရာမရိွသျဖင့္ ဤမသူေတာ္အာဆီယံအလံအား မီးရိႈ႔ေဖ်ာက္ဖ်က္ပစ္လိုက္သည္။ေသြးေႂကြ းမွာေဆြးေနြးစရာမရိွ…..” ဆိုၿပီးေရးသားကာ ေက်ာင္းသားေက်ာင္းသူေတြရဲ့ သေဘာထားကိုထုတ္ျပန္ထားတာလည္းေတြ့ရပါတယ္။

 

 

ျမန္မာျပည္သူေတြအေနနဲ႔ စစ္အာဏာရွင္စနစ္ကို အသက္ေပါင္ းမ်ားစြာေပးဆပ္ၿပီးတိုက္ထုတ္ေနရခ်ိန္မွာ အာဆီယံႏိုင္ငံေတြအေနနဲ႔ စစ္ေကာင္စီကို အသိအမွတ္ျပဳမႈရရိွေစႏိုင္ေရးအတြက္ ႀကိဳးပမ္းေပးေနျခင္းက ဆိုးရြားတဲ့လုပ္ရပ္တစ္ခုပဲျဖစ္ပါတယ္။

အခုလိုအာဆီယံရဲ့ လူသားခ်င္းစာနာေထာက္ထားမႈမရိွတဲ့ လုပ္ ရပ္ေတြေၾကာင့္ ေက်ာင္းသားေတြကအာဆီယံအလံကို မီးရိႈ႔ဆန္ ဒျပခဲ့ၾကတာျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

crd#original writer