Celebrity News News

ခန့်စည်သူ ရုပ်ရှင်အစည်းအရုံးဥက္ကဌ လုပ်နေသရွေ့ ရုပ်ရှင်အစည်းအရုံးကို၀င်မှာမဟုတ်ကြောင်း ပြတ်ပြတ်သားသားပြောလာတဲ့ လူရွင်တော်ပိုးလေး

ခန့်စည်သူ ရုပ်ရှင်အစည်းအရုံးဥက္ကဌ လုပ်နေသရွေ့ ရုပ်ရှင်အစည်းအရုံးကို၀င်မှာမဟုတ်ကြောင်း ပြတ်ပြတ်သားသားပြောလာတဲ့ လူရွင်တော်ပိုးလေး

အနုပညာလောကမှာ အောင်မြင်မှုတွေအထိုက်အလျောက်ရရှိထားကာ ပြည်သူပရိသတ်အားပေးချစ်ခင်ကြတဲ့ ဟားငါးကေ ာင် လူရွှင်တေည်အဖွဲ့ကတော့ လက်ရှိအခြေအနေတွေမှာ ပြ ည်သူတွေနဲ့အတူ ရပ်တည်နေကြတာ ဖြစ်ပါတယ်..။

 

 

တော်လှန်ရေးတိုက်ပွဲကြီးမှာ တောထဲဝင်ကာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ဟားငါးကောင်ကတော့ လတ်တလော ရုပ် ရှင်အစည်းအရုံးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြတ်ပြတ်သားသား အသိပေးပြောပြလာပါတယ်..။

 

 

ဇွန်လ(၄)ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအ ဖြစ် ခန့်စည်သူကို ခန့်အပ်လိုက်တဲ့ နောက်ပိုင်း အနုပညာရှင်တွေတော်တော်များများ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်အဖြစ်မှ အသီးသီးနှုတ်ထွက်ခဲ့ကြတာ တွေ့ရပါတယ်..။

 

ဟားငါးကောင်ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ လူရွှင်တော်ပိုးလေးကလည်း ခန့်စည်သူ ရုပ်ရှင်အစည်းအရုံးဥက္ကဌ လုပ်နေသရွေ့ ရုပ်ရှင်အ စည်းအရုံးကို၀င်မှာမဟုတ်ကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြတ်ပြတ်သားသားပြောလာပါတယ်..။

မြန်မာနိုင်ငံ အစည်းအရုံးဥက္ကဌ ဦးခန့်စည်သူခင်ဗျာကျွန်တော် လူရွှင်တော်ပိုးလေးသည်တကြိမ်တခါ မှ ရုပ်ရှင်အစည်းအရုံးမဝင်ဖူးပါ လူကြီးမင်းအားလေးလေးစားစားတင်ပြချင်သည်မှာ လူကြီးမင်းဥက္ကဌ လုပ်နေသမျှ ကာလပါတ်လုံးလည်း ဘယ်တော့မှမ၀င်ပါပိုးလေး ( ဟား၅ကောင် )..” ဆိုပြီး ပိုးလေးက ရေးထားတာ ဖြစ်ပါတယ်..။

 

လူရွှင်တော်တိုင်းကျော်ကလည်း “တနေ့သောအခါ ရုပ်ရှင်ရိုက်ဖူး ပြီး ရုပ်ရှင်အစည်းရုံးကတ် မရှိသော ကျွန်ုပ်မှာ ကိုယ့်လေ ာကသား များနုတ်ထွက်ကြ ခြင်း အား လေးစားအားကျပေမဲ့ ငါလဲ နှုတ်ထွက်တယ်လို့

 

ပြောမရ ဖြစ်နေသောဒုက္ခ ကြီးအား မချိမဆန့် ခံသားနေ ရသောအခါ ပြောမိပြောရာ ပြောလိုက်သော စကားသည်ကား တိုင်းကျော်ကွ ဘယ်တုန်းကမှ စစ်ကားမရိုက်ဖူး ဘူး ရှင်းလား

 

တိုင်းကျော် ( ဟား၅ကောင် )..” ဆိုပြီးတော့လည်း တိုင်းကျေ ာ်က ပြောထားပါသေးတယ်..။ ခန့်စည်သူဆီ တိုက်ရိုက်စာ ရေးပြီး ထိထိမိမိ စကားပါးလိုက်တဲ့ ပိုးလေးနဲ့ ခံယူချက်တွေ ပြတ်ပြတ်သားသားကို ပြည်သူပရိသတ်တွေကလည်း အားပေးစကားတွေပြောထားကြတာ တွေ့ရပါတယ်..။

crd.original writer

zawgyi



 

 


 


 



 


 


 


crd.original writer