News

သားလေးရဲ့အလောင်းကို ပြန်မရဘဲ စျာပနာပြုလုပ်ခဲ့ပေမယ့် ဒီနေ့အချိန်ထိ ပြန်လာမလားလို့ စောင့်နေခဲ့တဲ့ ကျဆုံးသူကိုမျိုးဟိန်းကျော်ရဲ့ မိခင်

သားလေးရဲ့အလောင်းကို ပြန်မရဘဲ စျာပနာပြုလုပ်ခဲ့ပေမယ့် ဒီနေ့အချိန်ထိ ပြန်လာမလားလို့ စောင့်နေခဲ့တဲ့ ကျဆုံးသူကိုမျိုးဟိန်းကျော်ရဲ့ မိခင်

လက်ရှိအခြေအနေကြောင့် ကျဆုံးသွားရတဲ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေကတော့ အခုချိန်ထိ သူတို့ရဲ့သွေးသားရင်းတွေကို လွမ်းဆွေးနေရတာဖြစ်ပါတယ်။မိဘတွေအနေနဲ့လ ည်း ရင်နှစ်သည်းခြာ သားသမီးတွေကိုဆုံးရှုံးလိုက်ရလို့ ရင်ကွဲမတတ်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

 

မတ်လ (၂၂)ရက်နေ့၊ညနေပိုင်းက မန္တလေးမြို့၊အောင်ပင်လယ်ရပ်ကွက်မှာ ကျည်ထိမှန်ပြီး ကျဆုံးခဲ့တဲ့ ကိုမျိုးဟိန်းကျော်ရဲ့ မိ ဘတွေကတော့ သားလေးကို အိမ်ပြန်ရောက်လာမလားလို့ စေ ာင့်နေကြဆဲဖြစ်ပါတယ်။ ကိုမျိုးဟိန်းကျော်ရဲ့ ရုပ်အလောင်းကိုလည်း ပြန်မရတာကြောင့် စျာပနာကို ဒီအတိုင်းပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

 

 

အခုဆိုရင်တော့ ကိုမျိုးဟိန်းကျော်ရဲ့မိခင်က သားလေးကိုသ တိရလို့ ရင်ထဲကစကားတွေကို စာလေးနဲ့ချရေးထားတာဖြစ်ပါတယ်။မိခင်ဖြစ်သူကတော့ သူမရဲ့သားက ညကြီးသန်းခေါင်ပြန်ရောက်ရင် ထမင်းပွဲအုပ်ဆောင်းလှန်တတ်လို့ ခင်ပွန်းဖြစ်သူကို အမြဲပိုချက်ခိုင်းနေတာဖြစ်ပါတယ်။

 

 

ကိုမျိုးဟိန်းကျော် ရှိစဉ်အချိန်တုန်းကဆိုရင် အမေနဲ့အစ်မဖြစ်သူကို အမြဲစနောက်တတ်လို့ အခုတော့ လွမ်းစရာလေးတွေ ကျ န်ခဲ့တာဖြစ်ပါတယ်။ကိုမျိုးဟိန်းကျော် မွေးထားတဲ့ခွေးလေးကိုလည်း ဖခင်ဖြစ်သူက ထမင်းကျွေးရင်း မျက်ရည်တွေကျနေရှာတယ်လို့စာထဲမှာရေးသားထားတာဖြစ်ပါတယ်။

 

ကျန်ရစ်သူမိသားစုဝင်တွေကတော့ သားလေးကို သတိရတိုင်း ဓာတ်ပုံလေးတွေပြန်ကြည့်ပြီး ဖြေသိမ့်နေရတာပဲဖြစ်ပါတယ်။မိဘတွေခမျာ မိမိတို့ရဲ့သားလေးကို ဘယ်တော့အိမ်ပြန်လာမလဲဆိုပြီး မျှော်လင့်ချက်လေးနဲ့စောင့်နေရှာတာဖြစ်ပါတယ်။ဒီအခြေအနေကြောင့် မိသားစုအသိုက်အမြုံလေးတွေကွဲကွာနေရတဲ့ ဝမ်းနည်းစရာဖြစ်ရပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 

crd#original writer

zawgyi

သားေလးရဲ့အေလာင္းကို ျပန္မရဘဲ စ်ာပနာျပဳလုပ္ခဲ့ေပမယ့္ ဒီေန့အခ်ိန္ထိ ျပန္လာမလားလို႔ ေစာင့္ေနခဲ့တဲ့ က်ဆံုးသူကိုမ်ိဳးဟိန္းေက်ာ္ရဲ့ မိခင္

လက္ရိွအေျခအေနေၾကာင့္ က်ဆံုးသြားရတဲ့သူရဲေကာင္းေတြရဲ့ က်န္ရစ္သူမိသားစုေတြကေတာ့ အခုခ်ိန္ထိ သူတို႔ရဲ့ေသြးသားရင္းေတြကို လြမ္းေဆြးေနရတာျဖစ္ပါတယ္။မိဘေတြအေနနဲ႔လည္း ရင္ႏွစ္သည္းျခာ သားသမီးေတြကိုဆံုးရႈံးလိုက္ရလို႔ ရင္ကြဲမတတ္ျဖစ္ခဲ့ရတာျဖစ္ပါတယ္။

 

 

မတ္လ (၂၂)ရက္ေန့၊ညေနပိုင္းက မႏၲေလးၿမိဳ႔၊ေအာင္ပင္လယ္ရပ္ကြက္မွာ က်ည္ထိမွန္ၿပီး က်ဆံုးခဲ့တဲ့ ကိုမ်ိဳးဟိန္ းေက်ာ္ရဲ့ မိဘေတြကေတာ့ သားေလးကို အိမ္ျပန္ေရာက္လာမလားလို႔ ေစာင့္ေနၾကဆဲျဖစ္ပါတယ္။ ကိုမ်ိဳးဟိန္းေက်ာ္ရဲ့ ရုပ္အေလာင္းကိုလည္း ျပန္မရတာေၾကာင့္ စ်ာပနာကို ဒီအတိုင္းျပဳလုပ္ခဲ့ရတာျဖစ္ပါတယ္။

 

 

အခုဆိုရင္ေတာ့ ကိုမ်ိဳးဟိန္းေက်ာ္ရဲ့မိခင္က သားေလးကိုသတိရလို႔ ရင္ထဲကစကားေတြကို စာေလးနဲ႔ခ်ေရးထားတာျဖစ္ပါတယ္။မိခင္ျဖစ္သူကေတာ့ သူမရဲ့သားက ညႀကီးသန္းေခါင္ျပန္ေရာက္ရင္ ထမင္းပြဲအုပ္ေဆာင္းလွန္တတ္လို႔ ခင္ပြန္းျဖစ္သူကို အၿမဲပိုခ်က္ခိုင္းေနတာျဖစ္ပါတယ္။

 

 

ကိုမ်ိဳးဟိန္းေက်ာ္ ရိွစဉ္အခ်ိန္တုန္းကဆိုရင္ အေမနဲ႔အစ္မျဖစ္သူကို အၿမဲစေနာက္တတ္လို႔ အခုေတာ့ လြမ္းစရ ာေလးေတြ က်န္ခဲ့တာျဖစ္ပါတယ္။ကိုမ်ိဳးဟိန္းေက်ာ္ ေမြးထားတဲ့ေခြးေလးကိုလည္း ဖခင္ျဖစ္သူက ထမင္းေကြၽးရင္း မ်က္ရည္ေတြက်ေနရွာတယ္လို႔စာထဲမွာေရးသားထားတာျဖစ္ပါတယ္။

 

က်န္ရစ္သူမိသားစုဝင္ေတြကေတာ့ သားေလးကို သတိရတိုင္း ဓာတ္ပံုေလးေတျြပန္ၾကၫ့္ၿပီး ေျဖသိမ့္ေနရတာပဲျဖစ္ပါတယ္။မိဘေတြခမ်ာ မိမိတို႔ရဲ့သားေလးကို ဘယ္ေတာ့အိမ္ျပန္လာမလဲဆိုၿပီး ေမ်ွာ္လင့္ခ်က္ေလးနဲ႔ေစာင့္ေနရွာတာျဖစ္ပါတယ္။ဒီအေျခအေနေၾကာင့္ မိသားစုအသိုက္အၿမံဳေလးေတြကြဲကြာေနရတဲ့ ဝမ္းနည္းစရာျဖစ္ရပ္ကို ျပန္လည္မ်ွေဝေပးလိုက္ပါတယ္။

 

crd#original writer