News

ကြမ်းတမ်းလွန်းတဲ့ တောတောင်တွေကိုဖြတ်ပြီး ခက်ခဲစွာရှင်သန်နေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေရဲ့ ရင်နင့်စရာ မြင်ကွင်းများ

ကြမ်းတမ်းလွန်းတဲ့ တောတောင်တွေကိုဖြတ်ပြီး ခက်ခဲစွာရှင်သန်နေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေရဲ့ ရင်နင့်စရာ မြင်ကွင်းများ

တိုင်းရင်းသား တောင်တန်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေလို့ နေအိမ်တွေကို စွန့်ခွာပြီး တောထဲမှာ စစ်ဘေးရှောင်နေရသူတွေလည်းရှိသလို နီးစပ်ရာ ထိုင်း စတဲ့ နိုင်ငံတွေဆီ သွားရောက်ပြီး စစ်ဘေးရှောင်ကြတဲ့

ပြည်သူတွေ များစွာရှိနေခဲ့ပါပြီ ။ ယခုလအတွင်းမှာ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားနေလို့ စစ်ဘေးရှောင်ပြည်သူအရေအတွက်တွေလည်း များလာကာ တစ်နေ့တခြား ထောင်နဲ့ချီပြီး လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

 

ဒီလိုစစ်ဘေးရှောင် ပြည်သူတွေထဲမှာ ကလေးငယ်လေးတွေ သက်ကြီးရွယ်အိုတွေ အများဆုံးတွေ့ရပြီး အသက်ဘေးက လွတ်မြောက်ရန် ထွက်ပြေး

တိမ်းရှောင်ကြရပေမယ့် အခက်အခဲတွေနဲ့လည်း အများဆုံးရင်ဆိုင်နေကြရပါတယ် ။ တစ်ချို့ စစ်ဘေးရှောင်တွေဆို သောက်စရာ ရေတောင်မရှိလို့ ဝါညစ်နေတဲ့ ရေအိုင်ကရေတွေကို သောက်သုံးနေရသည်အထိ အခြေအနေတွေ ဆိုးဝါးနေပါတယ်။

 

အခုလည်း ကရင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေဟာ ကြမ်းတမ်းတဲ့ တောတောင်တွေကို ခက်ခက်ခဲခဲဖြတ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပုံရိပ်တွေ လူမှုကွန်ယက် စာမျက်နှာထက်မှာ ပြန့်နှံ့လျက်ရှိပါတယ်။ ပုံတွေထဲမှာ

မြေကြီးမှာပဲ အဆင်ပြေသလို ထမင်းစားနေကြတဲ့ ကလေးငယ်လေးတွေရဲ့ ပုံတွေကြည့်ပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်မိတာအမှန်ပါပဲနော်။ ပရိသတ်ကြီးအတွက် စစ်ဘေးရှောင်ပြည်သူတွေရဲ့ ပုံရိပ်တွေကို ဝေမျှပေးရင်း သူတို့လေးတွေလည်း ဘေးအန္တရာယ်ကင်းရှင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Credit-Original Uploader