News

ဖမ်းဆီးမှုတွေကြားကနေ အာဏာရှင်စနစ် ဖြုတ်ချရေး ဆန္ဒပြပွဲကြီးကိုပြုလုပ်နိုင်ခဲ့တဲ့ မန္တလေး အင်ဂျင်နီယာများအဖွဲ့

ဖမ်းဆီးမှုတွေကြားကနေ အာဏာရှင်စနစ် ဖြုတ်ချရေး ဆန္ ဒပြပွဲကြီးကိုပြုလုပ်နိုင်ခဲ့တဲ့ မန္တလေး အင်ဂျင်နီယာများအဖွဲ့

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို စစ်ကောင်စီလက်အောက်ခံတွေက ပစ်ခတ်၊ဖမ်းဆီးမှုတွေ ရှိနေပေမယ့်လည်း နေရာဒေသတချို့တွေမှာ ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြ လှု ပ်ရှားနေကြတာ တွေ့ရပါတယ်။

 

 

ဒီလို လူထုလှုပ်ရှားမှုတွေပြုလုပ်ရင်း စစ်ကောင်စီက ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ (၈၀၀) ကျော်လာခဲ့ပြီး နိုင်ငံရေးပါ တီဝင်များနှင့် ကျောင်းသားလူငယ်များ ထောင်နဲ့ချီ ဖမ်းဆီးခံထားရတာ တွေ့ရပါတယ်။

 

 

လက်ရှိမှာ အာဏာရှင်စနစ် ကျရှုံးရေးအတွက် မြန်မာနိုင်ငံအ တွင်းရှိ မြို့နယ်အချို့တွေမှာ လူငယ်တွေအများဆုံးပါဝင်တဲ့ ပြ ည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့တွေများစွာ ဖွဲ့စည်းလာတာကိုလည်း တွေ့ရပါတယ်။

လူထုလှုပ်ရှားမှုတွေ နေ့စဥ်ဆိုသလို လုပ်ဆောင်နေတဲ့ မန္တလေး တိုင်းဒေသကြီးက ပြည်သူများဟာ ယနေ့ ဇွန်လ(၄)ရက်နေ့ မ နက်ပိုင်းမှာလည်း လူထုလှုပ်ရှားမှုဆန္ဒပြပွဲကြီးကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

 

 

ဒီဆန္ဒပြပွဲကြီးမှာကိုတော့ မန္တလေး အင်ဂျင်နီယာများဖွဲ့ထားတဲ့ သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး မြို့နေပြည်သူများနဲ့ အင် အားအလုံးအရင်းချီတက်ကာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ယင်းဆန္ဒပြပွဲမှာ လူငယ်များစွာပါဝင်ပြီး ဆိုင်းဘုတ်များကို ကို င်ဆောင်ကာ သံပြိုင်ဟစ်ကြွေးသံတွေနဲ့အတူ စစ်အာဏာရှင် စနစ် ကျရှုံးရေးကို ရာကျော်တဲ့လူအုပ်ကြီးဖြင့် ဆန္ဒပြလှုပ်ရှားခဲ့ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။

crd#original writer