Celebrity News News
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၀င်အဖြစ်ကနေ နှုတ်ထွက်ကြောင်း ကြေငြာလိုက်တဲ့ မင်းမော်ကွန်း
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၀င်အဖြစ်ကနေ နှုတ်ထွက်ကြောင်း ကြေငြာလိုက်တဲ့ မင်းမော်ကွန်း
ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ဆယ်စုနှစ်ကျော်တိုင်အေ ာင် သိမ်းပိုက်ရရှိထားသူကတော့မင်းသား မင်းမော်ကွန်းပဲဖြစ်ပါတယ်။ သူကတော့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူ ထုလှုပ်ရှားမှုတွေမှာအားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး (၅၀၅)ကနဲ့ အမှုဖွင့်အရေးယူခံထားရတဲ့သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။
မင်းမော်ကွန်းကလက်ရှိအချိန်မှာ ဘေးလွတ်ရာကိုတိမ်းရှောင်နေရတာဖြစ်ပေမယ့် အာဏာရှင်ဆန့်ကျင်ရေးကို ရောက်ရာနေကနေပြုလုပ်နေတာလည်းဖြစ်ပါတယ်။မကြာသေးခင်ကတော့ မင်းမော်ကွန်းက သူ့ရဲ့ Facebookစာမျက်နှာမှာ ရုပ်ရှင်အ စည်းအရုံးကနေနှုတ်ထွက်‌လိုက်ကြောင်း တင်ပေးလာခဲ့ပါတ ယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ ခန့်စည်သူကို ဥက္ကဌရာ ထူးပေးအပ်လိုက်ပြီးနောက်မှာ အခုလိုအနုပညာရှင်တွေ အစည် းအရုံးကနေနှုတ်ထွက်လာကြတာကို တွေ့ရပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အနုပညာရှင်တွေနဲ့ အမှုဖွင့်အရေးယူခံ ထားရတဲ့အနုပညာရှင်တွေများစွာရှိနေတဲ့အခြေအနေမှာ ခန့်စည်သူကို ဥက္ကဌရာထူးပေးအပ်လိုက်တဲ့အတွက် social media platformsမှာလည်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေများစွာရှိလာနေတာပါ။
ဝါရင့်မင်းသားတစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းအနေနဲ့ အခုလိုရုပ်ရှင်အစည်းအရုံးကထွက်လိုက်ခြင်းအပေါ် ပရိသတ်တွေက လှိုက်လှိုက်လှဲလှဲကြိုဆိုနေကြပြီး မင်းမော်ကွန်းနဲ့အတူ ရပ်တ ည်လာကြတာတွေ့ရပါတယ်။
အခုလိုမျိုးဆုံးဖြတ်ချက်ချခဲ့တဲ့ မင်းမော်ကွန်းရဲ့စိတ်ဓာတ်က တော့ အင်မတန်လေးစားစရာကောင်းလှပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
crd#original writer
zawgyi
crd#original writer