News

ငါတို့အားနဲ့ ငါတို့ တိုက်ကြမယ် အောင်စိတ်ဟာ ငါတို့မှာ ရှိတယ် ငါတို့ရဲ့အောင်ပွဲဟာ ငါတို့မှာ တည်တယ်

အာဆီယံအစည်းအဝေးနဲ့ ပတ်သက်ပြီး ဆဲသံတွေ ညံနေတယ်။အာဆီယံကလည်း ဆဲလည်း ဆဲချင်စရာပဲကိုး။ ဒါပေမယ့် ဒီမိုကရေစီ ပေမမီ၊ဒေါက်မမီ အာဆီယံနိုင်ငံတွေရဲ့ သောက်ချိုးကိုကြိုတွေးထားရင်

   

အာဆီယံရဲ့ ထုတ်ပြန်ချက်အပေါ် ဆဲဖို့နေနေသာ အလေးထားစရာကို မလိုတာ။ရှေ့ဆက်ရမယ့်လမ်းအတွက် ခေါင်းထဲကို အရှုပ်ခံစရာကို မလိုတာ။

UN လည်း ကောက်ရိုးလေးတစ်မျှင်လို ရေနစ်နေတဲ့ ပြည်သူက ဆွဲမိဆွဲရာ ဆွဲနေကြတာ။ စစ်အာဏာရှင်ကို မုန်းတီးစိတ်က အားကြီးပြီး နိုင်လိုဇောတွေနဲ့အမှန်ကို မမြင်နိုင်ကြတော့ဘဲ တွယ်မိတွယ်ရာ တွယ်ကုန်ကြတာ။

   

တကယ်တော့ ဒီတိုက်ပွဲကို ဒီအခြေအနေထိ ကြံ့ကြံခံ ရင်ဆိုင်လာတာ ပြည်သူတွေကိုယ်တိုင်ပဲ မဟုတ်ဘူးလား။UN လည်း မပါဘူး။ US လည်းဝေလာဝေး။အာဆီယံဆို ပေါင်ကြားထဲတောင် မညှပ်ခဲ့ပါဘူး။

ငါတို့အားနဲ့ ငါတို့ တိုက်ခဲ့တယ်။

   

ငါတို့သားသမီးတွေရဲ့ အသက်တွေ၊ဘဝတွေ ပေးဆပ်ပြီး အာဏာရှင်ကို ငါတို့ တိုက်ခဲ့တယ်။ လက်နက်မဲ့တဲ့ ငါတို့ဟာ လက်နက်အားကိုးတဲ့ အာဏာရှင်ကို မျက်ပြူးဆံပြာဖြစ်အောင် အောင်ပွဲဆင်နိုင်ခဲ့တယ်။

ဒီအနေအထားကို ကိုယ့်အားနဲ့ကိုယ် ရယူနိုင်တဲ့ ငါတို့ဟာ အဆုံးသတ်ဖို့အတွက်ကျမှ တစ်ပါးသူကိုအားကိုးနေရင် အမြီးကျမှတစ်နေတဲ့ ဆင်ပြောင်ကြီးလို သဏ္ဍန်တူနေလိမ့်မယ်။

   

ငါတို့ရဲ့ အောင်ပွဲဟာ ငါတို့မှာ တည်တယ်။

အောင်စိတ်ဟာ ငါတို့မှာ ရှိတယ်။

   

အောင်ပွဲကို အကောင်အထည်ဖော်ဖို့ ငါတို့အားပဲ ငါတို့ကိုးရမယ်။ငါတို့ဟာ ငါတို့အသက်ခန္ဓာနဲ့နိုင်တဲ့ဝန်ကိုထမ်းပြီး တိုက်ပွဲကို ရှေ့ဆက်ပုံဖော်ရမယ်။

ဆဲဆိုခြင်း၊ဝေဖန်ခြင်းတွေထဲ အချိန်ကုန်မခံကြနှင့်။ဘယ်သူမှ မွေးကတည်းက သ.န.တ်.ဖက် မွေးမလာဘူး။အမိဝမ်းက ကျွတ်ကတည်းကသ.န.တ်.ပ.စ်.တတ်မလာဘူး။

   

ငါတို့အား ငါတို့ကိုးပြီး ရှေ့ဆက်ကြပါစို့။

ကိုဦးဆွေ စာရေးဆရာ၊အယ်ဒီတာ