Celebrity News News

ခိုင်နှင်းဝေအိမ်မှာ ပင့်ဆောင်ပူဇော်ထားတဲ့ တန်ခိုးကြီးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွေကို သွားရောက်ဖူးမြော်ခဲ့တဲ့ ဆောင်းယွန်းစံ

ခိုင်နှင်းဝေအိမ်မှာ ပင့်ဆောင်ပူဇော်ထားတဲ့ တန်ခိုးကြီးဗုဒ္ဓရုပ် ပွားတော်မြတ်ကြီးတွေကို သွားရောက်ဖူးမြော်ခဲ့တဲ့ ဆောင်းယွန်းစံ

မင်းသမီးဆောင်းယွန်းစံကတော့ အနုပညာလောကမှာ အောင် မြင်မှုတွေရရှိနေပြီး ပရိသတ်တွေရဲ့အားပေးမှုကိုလည်း အပြည့်အဝရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဘာသာရေးကိုင်းရှိုင်းပြီး အလှူအတန်းတွေမှာလည်း လက်မနှေးဘဲ တ တ်နိုင်သလောက် လှူဒါန်းလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

 

 

ဆောင်းယွန်းစံကတော့ မကြာခင်ရက်ပိုင်းကလည်း ဗိုက်ကြီးသ ည်အမျိုးသမီးအတွက် မီးဖွားစရိတ်လှူဒါန်းခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ယခုမှာတော့ ဆောင်းယွန်းစံတစ်ယောက်ဟာ ခိုင်နှင်းဝေအိမ်မှာ ပင့်ဆောင်ပူဇော်ထားတဲ့ တန်ခိုးကြီးဗုဒ္ဓရုပ်ပွား တော်တွေကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။

 

 

ဆောင်းယွန်းစံကတော့ ပရိသတ်တွေလည်းဖူးမြော်နိုင်ရန်အလို့ငှာ သွားရောက်ဖူးမြော်ခဲ့တဲ့ ပုံရိပ်လေးတွေကို ချပြလာခဲ့တာပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ မွန်ဘုရင်မကြီး ရှင်စောပု တ ည်ထားကိုးကွယ်တဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးများကို သူမရဲ့နေ အိမ်မှာ လာရောက်ဖူးမြော်နိုင်တဲ့အ ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာဖြစ်ပါတယ်။

 

 

ဆောင်းယွန်းစံကတော့ ” မွန်ဘုရင်မကြီး ရှင်စောပု တည်ထားကိုးကွယ်သော အောင်သိဒ္ဓီ သစ္စာရှင်၊ အောင်သိဒ္ဓိ စတြာရှင်၊ အောင် သိဒ္ဓိ မေတ္တာရှင် ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးများကို မမ ခိုင်နှင်းဝေအိမ်မှာ သွားရောက်ဖူးမြော်ခဲ့ပါတယ်ရှင့် အားလုံးဖူ းမြော်နိုင်ရန်ပုံလေးတွေတင်ပေးလိုက်ပါတယ်ရှင့်

 

 

မမလည်း ဒီထပ်မက သာသနာပြုအလှူတွေလုပ်နိုင်ပါစေရှင့်ဆောင်းယွန်းလဲ ဒီထပ်မက လှူ နိုင်ပါစေလို့ဆုတောင်းခဲ့ပါတယ် ” ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ဗုဒ္ဓရုပ်ပွားတော်တွေကို သွားရောက်ဖူးမြော်ခဲ့တဲ့ မင်းသမီးဆောင်းယွန်းစံရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

crd#original writer

zawgyi



 

 


 

 


 

 


 

 


crd#original writer