News

ညနေစောစောပြန်လာခဲ့မယ်ဆိုပြီး ဘယ်တော့မှပြန်မလာတော့တာ (၃)လပြည့်သွားပြီဖြစ်တဲ့ မိခင်ကို သတိရတမ်းတပြီး ဝမ်းနည်းပူဆွေးနေတဲ့ ဆရာမကြီး ဒေါ်တင်နွဲ့ရီရဲ့ သမီးလေး

ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ပြည်သူတွေကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့တဲ့ လက်ရှိအခြေအနေကြီးကတော့ ယနေ့အချိန်ထိလည်း မပြီးမြောက်သေးတာဖြစ်ပါတယ်။

   

ကျဆုံးသွားတဲ့သူရဲကောင်းတွေကိုလည်း ပြည်သူလူထုက အမြဲအောက်မေ့သတိရကြပြီး သူတို့အတွက် ကောင်းမှူကုသိုလ်တွေလည်း တတ်နိုင်သလောက်လုပ်ဆောင်ပေးနေကြတာဖြစ်ပါတယ်။

   

တချို့အိမ်ထောင်စုတွေခမျာ မိသားစုဝင်မစုံလင်တော့တာကြောင့် နေ့စဉ်ရက်ဆက် ဝမ်းနည်းပူဆွေးနေကြရတာဖြစ်ပါတယ်။

အခုဆိုရင်တော့ မိခင်တစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရတဲ့ သမီးဖြစ်သူက သူမရဲ့ခံစားချက်တွေကို ရေးသားထားတာဖြစ်ပါတယ်။

   

သူမရဲ့ မိခင်ကတော့ ကလေးတွေကို စာသင်ပြပေးနေတဲ့ ကျောင်းဆရာမတစ်ယောက်ဖြစ်ပါတယ်။

ဆရာမဒေါ်တင်နွဲ့ရီက ဖေဖော်ဝါရီလ (၂၈)ရက်နေ့မှာ ဆရာ၊ဆရာမတွေ ထိုင်သပိတ်ပြုလုပ်တာကိုသွားရောက်အားဖြည့်ခဲ့ပြီး ဖြိုခွင်းခံရချိန် လက်မောင်းကို ကျည်ထိမှန်သွားကာ နှလုံးရောဂါအခံနဲ့ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

   

မိခင်ဆုံးပါးသွားပြီးနောက်မှာ သမီးဖြစ်သူကလည်း လူထုလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားနေဆဲဖြစ်ပါတယ်။

ဒီနေ့လေးဟာဆိုရင် သူမရဲ့မိခင် ကျဆုံးသွားခဲ့တာ (၃)လပြည့်သွားတဲ့ နေ့လေးဖြစ်လို့ ရင်ထဲကပူဆွေးသောကတွေကို ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

   

သမီးဖြစ်သူက မိခင်ကို နေ့တိုင်းသတိရနေပြီး အခုချိန်ထိ ဒီဖြစ်ရပ်ကို လက်မခံနိုင်သေးတာဖြစ်ပါတယ်။

သူမတို့သားအမိနှစ်ယောက်က ညီအစ်မလိုမျိုး၊သူငယ်ချင်းလိုမျိုး အရာရာကို ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံကြတာဖြစ်ပါတယ်။

   

အဲ့ဒါကြောင့် သမီးဖြစ်သူအနေနဲ့ အရင်းနှီးဆုံးမိခင်ကို တစ်သက်လုံးခွဲခွါလိုက်ရလို့ ဝမ်းနည်းနာကျင်နေတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit: Original Uploder