Knowledge

Ghost Rider ရုပ်ရှင်ဇာတ်ကား ထဲကလိုမျိုး ဆို င်ကယ်ကို မီးရှို့ပစ်ပြီး လက်တွေ့ မောင်းနှင်ပြ ခဲ့တဲ့ အမျိုးသား

Zawgyi [အောက်တွင် Unicode ဖြင့်ဖတ်ရှုနိုင်သည်]












Unicode

၂၀၀၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရုပ် ရှင် ဇာတ်ကား တစ်ခုဖြစ်တဲ့ Gost Rider ရုပ်ရှင် ဇာတ်ကား ကိုတော့ ပရိတ်သတ်ကြီး တို့ ကြည့်ဖူးကြမှာပါနော်။

အိန္ဒိယနိုင်ငံရှိ Mr. India Hacker အမည်ရှိ YouTuber အမျိုးသား တစ်ဦးကတော့ Ghost Rider ရုပ်ရှင် ဇာတ်ကား ကို အတုခိုးကာ မကြောက် မလန့်နဲ့ သူ့ရဲမော်တော် ဆိုင်ကယ်အား တမင် မီးလောင်အောင် လုပ်ခဲ့ ပါ တယ်နော်။

ဒီဗီဒီယိုဟာ တင်ကာစ က likes ၅၀၀,၀၀၀ ကျော် ရ ရှိခဲ့ပြီး ခုလက်ရှိ မှာဆိုရင် like 10 M ထိ ရရှိနေပေမဲ့ လည်း အန္တရာယ် များတဲ့ သူတို့ ရဲ့ လုပ် ရပ်တွေကို မကြိုက်တဲ့ လူ အရေ အတွက် ကလည်း စတင်တုန်းက ၁၆၀၀၀ ကျော် သာရှိ ခဲ့ပေမဲ့ ယခုဆို ၃၅,၀၀၀ ထိ တိုးများလာ ခဲ့ ပါတယ် နော်။

ဒီ YouTuber ရဲ့ လှုပ်ရှားမှုဟာ ၂၀၀၇ ခုနှစ်က ထွ က်ရှိ ခဲ့သော Ghost Rider ရုပ်ရှင် ဇာတ်ကားထဲက Nicholas အဖြစ် ပါဝင်သရုပ်ဆောင် ထားတဲ့ စိတ်ကူး ယဉ်ဇာတ်ကောင်ကို ပြန်လည် တုပထား တာပါတဲ့။

Nicholas ဟာ လူ့ အရိုးစု တစ်စုရဲ့ပုံ သဏ္ဍာန်နဲ့ မီးလောင်နေတဲ့ ခန္ဓာကိုယ်နဲ့ မီးလောင်နေတဲ့ ဂန္ထဝင်မော်တော် ဆိုင်ကယ်ကို စီးနင်းခဲ့တာ ပါ။

Mr. Indian Hacker က တန်ဖိုး ကြီးပေး ရလောက်မယ့် သူ့ရဲ့ Pulsar 220 မော်တော်ဆိုင် ကယ်ရဲ့ဘီးတာယာကို အဝတ်စနဲ့ပတ်ပြီး အဝတ်စကို ဓာတ်ဆီတွေ လောင်းချပစ် ခဲ့ပါတယ်နော်။

သူဆိုင်ကယ် မောင်းနေစဉ် တွင်း Ghost Rider ရုပ်ရှင် ဇာတ်ကားမှာ တွေ့ရတဲ့အတိုင်း တကယ်လဲ သူ့ရဲ့ဆိုင်ကယ်ဘီးမှာ မီးတွေတဟုန်းဟုန်းတောက်လောင် နေတာပါ။

Mr. Indian Hacker ဟာ သူ့ရဲ့ ဗီဒီယိုဟာ ဖျော်ဖြေဖို့ သက်သက် သာရည်ရွယ်ပြီး ဒီဗီဒီယို လုပ်ဆောင်မှု အားလုံးကလုံ ခြုံ စိတ်ချရတဲ့ နေရာ၊ ပြီးပြည့်စုံတဲ့ စက်ကိရိယာ တွေနဲ့သာ ပြုလုပ်ထား ကြောင်း သတိပေးခဲ့ပါတ ယ်နော်။

Mr. Indian Hacker က အိမ်၊ ကျောင်း ဒါမှမဟုတ် အခြား ဘယ်နေရာ မှာမဆို သူ့လိုမျိုး Ghost Rider ကို လိုက်မ တုပဖို့ကိုလဲ လူအများ ကို တောင်းဆို ခဲ့ပါသေးတာပါ။

ဒီဗီဒီယို ရိုက်ကူးနေတုန်း ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ Mr. Indian Hacker ကထပ်မံပြီး ဖြေကြားခဲ့ပါသေးတယ်နော်။

Credit Mia (Mckzone Daily)