News

အချိန်မတန်သေးဘဲ စောစီးစွာကြွေလွင့် သွားခဲ့ရတဲ့ သူရဲကောင်းမလေးကြယ်စင်ရဲ့ ကလေးဘဝတုန်းက အမှတ်တရ ပုံရိပ်မျာ

အချိန်မတန်သေးဘဲ စောစီးစွာကြွေလွင့် သွားခဲ့ရတဲ့ သူရဲကောင်းမလေးကြယ်စင်ရဲ့ ကလေးဘဝတုန်းက အမှတ်တရ ပုံရိပ်များ

လက်ရှိအခြေအနေကြောင့် တချို့လူငယ်လေးတွေ ကတော့ မိမိတို့ရဲ့အနာဂတ်အိပ်မက်တွေ မပြည့်သေးဘဲ စောစီးစွာကြွေလွင့်သွားခဲ့ရပြီ ဖြစ်ပါ တယ်။ကျဆုံး သူတွေ ထဲမှာ အ သက် မပြည့် သေးတဲ့ကလေးငယ်တွေလည်း ပါဝင်သလိုပညာတတ် လူငယ်လေးတွေကိုလည်း ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။

(၃.၃.၂၀၂၁)ရက်နေ့က မန္တလေးမှာ ပြုလုပ်ကြတဲ့ လူထုလှုပ်ရှားမှုမှာ အသက်(၁၉) နှစ် အရွယ် သူရဲ ကောင်းမလေး ကြယ် စင် (ခ) Angel (ခ) ကျားရှိ ကတစ်တပ် တစ်အား ပါဝင် လှုပ်ရှားခဲ့ တာဖြစ်ပါ တယ်။ကြယ်စင် ကတော့ မိန်းကလေး တစ်ယောက် ဖြစ်ပေမယ့်လည်း အရမ်းရဲရင့်လို့ လူထု လှုပ်ရှားမှုမှာဆိုရင် ရှေ့ဆုံးကနေပါဝင်တာဖြစ်ပါတယ်။

မတ်လ(၃) ရက်နေ့၊ လူ ထု လှုပ် ရှားမှာတော့ သူရဲ ကောင်းမလေး ကြယ်စင်ရဲ့ ဦး ခေါင်းကို ထိမှန်ပြီး နေရာမှာတင် လဲကျသွားခဲ့တာဖြစ်ပါ တယ်။ကြယ်စင် က တစ် ဦးတည်းသော သမီးလေးဖြစ် လို့ မိခင်နဲ့ဖခင်ခမျာ သူမအတွက် ဂုဏ်ယူသော် လည်း ယူကြုံးမရဖြစ်နေတာဖြစ်ပါတယ်။

ပြည်သူတွေကလည်း အသက် ငယ်ငယ်လေးနဲ့ကြွေလွင့်သွားခဲ့ရတဲ့ သူမအတွက် နာကျင်ကြေကွဲနေကြတာဖြစ်ပါတယ်။ဇွန်လ(၃)ရက်နေ့ဆိုရင် ကြယ်စင်လေး ကျဆုံးတာ (၃) လပြည့် တော့မှာဖြစ် ပေမယ့် ကျန်ရစ်သူမိသားစုနဲ့ ပြည်သူ တွေက အမြဲသတိရ နေကြတာဖြစ်ပါတယ်။

အခု ဆိုရင်လည်း ကြယ်စင်လေး ရဲ့ ကလေး ဘဝ တုန်းက ပုံလေးတွေကို ပြည်သူတွေတွေ့မြင်ပြီး နှမျောတသ ဖြစ်နေကြတာ ဖြစ်ပါတယ်။ကြယ်စင်လေးကတော့ ကလေး ဘဝကတည်းက ဖြူဖြူစင်စင်လေးနဲ့ အရမ်းချစ်ဖို့ ကောင်းနေ တာပဲ ဖြစ်ပါတယ်။အခုလို မျိုး အချိန်မတန်သေးဘဲ ကြွေလွင့်သွားခဲ့ရတဲ့ကြယ်စင်လေးရဲ့ ကလေးဘဝ ပုံရိပ်လေးတွေကို ပြန်လည် မျှဝေပေး လိုက်ပါတယ်။

Source : Original