News

ကိုယ်တိုင်လုပ်ဌက်အိမ်လေးတွေရောင်းပြီး စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေရပေမယ့် ဈေးနှိမ်ခံနေရတဲ့ အဖိုးအို

ကိုယ်တိုင်လုပ်ဌက်အိမ်လေးတွေရောင်းပြီး စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေရပေမယ့် ဈေးနှိမ်ခံနေရတဲ့ အဖိုးအို

တော်လှန်ရေးတိုက်ပွဲကြီးမှာ အရေးတော်ပုံအောင်မြင်ဖို့ အသ က်ကိုပဓာနမထားဘဲ အနစ်နာခံပေးဆပ်သွားကြတဲ့ သူရဲကောင် းတွေရှိသလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူတွေကို ပြည်သူတွေအချင်းချင်းက ဖေးမကူညီနေကြတာပါ..။

 

 

လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေးအခြေအနေတွေအရ ပြည်သူတွေအနေနဲ့ စားဝတ်နေရေးတွေအပြင် အခြားအခက်အခဲတွေမျိုးစုံနဲ့ရင်ဆိုင်နေရပြီး သက်ကြီးရွယ်အိုအဖိုးအဖွားတွေအတွက်လည်း အတော်လေးကို အခက်တွေ့စေပါတယ်..။

 

အသက်အရွယ်ကြီးရင့်ပေမယ့်လည်း နေပူမိုးရွာမရှောင် အပင်ပန်းခံကာ စားဝတ်နေရေးအတွက် ကြိုးစားနေရတဲ့ အဖိုးအိုက တော့ သစ်သားနဲ့ပြုလုပ်ထားတဲ့ ဌက်အိမ်လေးတွေကိုရောင်းနေရပေမယ့် ဈေးနှိမ်ခံရမှုတွေရှိနေတာ တွေ့ရပါတယ်..။

 

 

သားသမီးမရှိဘဲ ဇနီးမောင်နှံနှစ်ယောက်တည်းနေကာ မိန်းမက အရင်က မိုးညို ထိန်တော ကျောင်းအုပ်ဖြစ်ပေမယ့် လက်ရှိမှာပင်စင်ယူပြီး အဖိုးကတော့ ဌက်အိမ်လေးတွေရောင်းနေပြီး အိ မ်လေးတွေရောင်းရလိုက် သစ်လေးတွေပြေးဝယ်လိုက် အိမ်လေးတွေရိုက်လိုက်နဲ့ စားဝတ်နေရေးအတွက်ရုန်းကန်နေရပေမယ့် ဝယ်သူတွေက ဈေးနှိမ်ဝယ်ကြတယ်လို့ သိရပါတယ်..။

 

 

နေ့တိုင်း အမရပူရကနေ သမန်းကုန်း စလုံးဈေးထိ လာလာရေ ာင်းရသလို မနက်စာကိုလည်းဈေးဦးပေါက်မှ စားတာဖြစ်ပြီး တစ်လုံးမှ မရောင်းရတဲ့ နေ့တွေလည်း ရှိပါတယ်..။

နှစ်ထပ်အိမ်လေးတွေက 5000 ၊ တထပ်အိမ်လေးတွေက 30 00 ရောင်းပေမယ့် (500) စီလျှော့ရင်လည်း ရောင်းတာမို့ အ ဖိုးဆီက သစ်သားဌက်အိမ်လေးတွေကို ဝယ်ချင်ရင်တော့ မန က်ပိုင်းဆို စလုံးဈေး မြောက်ဘက်နားမှာ လာဝယ်လို့ ရတယ်လို့ သိရပါတယ်..။

crd#original writer

zawgyi

ကိုယ္တိုင္လုပ္ဌက္အိမ္ေလးေတြေရာင္းၿပီး စားဝတ္ေနေရးအတြက္ ခက္ခက္ခဲခဲရုန္းကန္ေနရေပမယ့္ ေဈးႏိွမ္ခံေနရတဲ့ အဖိုးအို

ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ အေရးေတာ္ပံုေအာင္ျမင္ဖို႔ အသ က္ကိုပဓာနမထားဘဲ အနစ္နာခံေပးဆပ္သြားၾကတဲ့ သူရဲေကာင္ းေတြရိွသလို အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရသူေတြကို ျပည္သူေတြအခ်င္းခ်င္းက ေဖးမကူညီေနၾကတာပါ..။

 

 

လက္ရိျွဖစ္ေပၚေနတဲ့ ျပည္တြင္းေရးအေျခအေနေတြအရ ျပည္သူေတြအေနနဲ႔ စားဝတ္ေနေရးေတြအျပင္ အျခားအခက္အခဲေတြမ်ိဳးစံုနဲ႔ရင္ဆိုင္ေနရၿပီး သက္ႀကီးရြယ္အိုအဖိုးအဖြားေတြအတြက္လည္း အေတာ္ေလးကို အခက္ေတြ့ေစပါတယ္..။

အသက္အရြယ္ႀကီးရင့္ေပမယ့္လည္း ေနပူမိုးရြာမေရွာင္ အပင္ပန္းခံကာ စားဝတ္ေနေရးအတြက္ ႀကိဳးစားေနရတဲ့ အဖိုးအိုက ေတာ့ သစ္သားနဲ႔ျပဳလုပ္ထားတဲ့ ဌက္အိမ္ေလးေတြကိုေရာင္းေနရေပမယ့္ ေဈးႏိွမ္ခံရမႈေတြရိွေနတာ ေတြ့ရပါတယ္..။

 

 

သားသမီးမရိွဘဲ ဇနီးေမာင္ႏွံႏွစ္ေယာက္တည္းေနကာ မိန္းမက အရင္က မိုးညို ထိန္ေတာ ေက်ာင္းအုပ္ျဖစ္ေပမယ့္ လက္ရိွမွာပင္စင္ယူၿပီး အဖိုးကေတာ့ ဌက္အိမ္ေလးေတြေရာင္းေနၿပီး အိ မ္ေလးေတြေရာင္းရလိုက္ သစ္ေလးေတြေျပးဝယ္လိုက္ အိမ္ေလးေတြရိုက္လိုက္နဲ႔ စားဝတ္ေနေရးအတြက္ရုန္းကန္ေနရေပမယ့္ ဝယ္သူေတြက ေဈးႏိွမ္ဝယ္ၾကတယ္လို႔ သိရပါတယ္..။

 

 

ေန့တိုင္း အမရပူရကေန သမန္းကုန္း စလံုးေဈးထိ လာလာေရ ာင္းရသလို မနက္စာကိုလည္းေဈးဦးေပါက္မွ စားတာျဖစ္ၿပီး တစ္လံုးမွ မေရာင္းရတဲ့ ေန့ေတြလည္း ရိွပါတယ္..။

ႏွစ္ထပ္အိမ္ေလးေတြက 5000 ၊ တထပ္အိမ္ေလးေတြက 30 00 ေရာင္းေပမယ့္ (500) စီေလ်ွာ့ရင္လည္း ေရာင္းတာမို႔ အ ဖိုးဆီက သစ္သားဌက္အိမ္ေလးေတြကို ဝယ္ခ်င္ရင္ေတာ့ မန က္ပိုင္းဆို စလံုးေဈး ေျမာက္ဘက္နားမွာ လာဝယ္လို႔ ရတယ္လို႔ သိရပါတယ္..။

crd#original writer