News

ညီညီအောင်ထက်နိုင် အသက်ပေးသွားခဲ့ရတဲ့ ကျောင်းလေးမှာ ကျောင်းသား၊ကျောင်းသူဦးရေ (၈၀)ရာခိုင်နှုန်း ကျောင်းမတက်ကြတဲ့မြင်ကွင်း

ညီညီအောင်ထက်နိုင် အသက်ပေးသွားခဲ့ရတဲ့ ကျောင်းလေးမှာ ကျောင်းသား၊ကျောင်းသူဦးရေ (၈၀)ရာခိုင်နှုန်း ကျောင်းမတက်ကြတဲ့မြင်ကွင်း

ဒီနေ့ ဇွန်လ(၁)ရက်နေ့ကတော့ တစ်နိုင်ငံလုံးကကျောင်းတွေဖွ င့်လှစ်လိုက်တဲ့နေ့ပဲဖြစ်ပါတယ်။လက်ရှိအခြေအနေကြောင့် ဒီနေ့မှာ ကျောင်းမတက်နိုင်ဘဲ အသက်ဆုံးပါးသွားရတဲ့ ကလေးငယ်တွေလည်းရှိတဲ့အပြင် တချို့ကျောင်းသားလေးတွေလည်း ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

 

 

အရင်နှစ်တွေတုန်းကဆိုရင် ဇွန်လ (၁)ရက်နေ့မှာကျောင်းသား၊ကျောင်းသူလေးတွေ အဖြူ၊အစိမ်းဝတ်ပြီး ကျောင်းကိုပျော်ရွှ င်စွာ သွားတက်ကြတဲ့မြင်ကွင်းလေးတွေကိုတွေ့ရပါတယ်။၂၀ ၂၁ ခုနှစ်ရဲ့ ဇွန်လ (၁) ရက်နေ့မှာတော့ တစ်နိုင်ငံလုံးကကျေ ာင်းတွေမှာ ကျောင်းသားတော်တော်များများ မတက်ရောက်ကြတာဖြစ်ပါတယ်။

 

 

ပြည်သူလူထုကတော့ အခုအခြေအနေမှာ ကျောင်းမတက်ကြတဲ့ကလေးတွေကို ကျေးဇူးတင်နေကြပြီး မိဘတွေကိုလည်း လေးစားဦးညွှတ်နေကြတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ (၂၈)ရ က်နေ့ကဆိုရင် ကိုညီညီအောင်ထက်နိုင်က ကမာရွတ်မြို့နယ်၊လှည်းတန်းအမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းရှေ့မှာ ကျည်ထိမှန်ပြီး ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာနဲ့ ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။

 

 

ညီညီကျဆုံးသွားတဲ့အဖြစ်အပျက်လေးကို ဒီနေ့အချိန်ထိတိုင်ပြည်သူလူထုက အောက်မေ့သတိရနေကြဆဲဖြစ်ပြီး ကောင်းမှူကုသိုလ်တွေလည်း လုပ်ပေးကြတာဖြစ်ပါတယ်။ကိုညီညီကျဆုံးခဲ့တဲ့ ကျောင်းလေးမှာတော့ ဒီနေ့မှာ ကျောင်းမတက်ကြတဲ့ ကျောင်းသား၊ကျောင်းသူဦးရေ (၈၀)ရာခိုင်းနှုန်းရှိတယ်လို့ သိရပါတယ်။

 

 

ညီညီ အသက်ပေးသွားရတာ (၃) လကျော်ပဲရှိသေးတာကြော င့် မိဘတွေလည်းကလေးတွေကို ဘယ်လိုစိတ်နဲ့မှ ကျောင်းမလွှတ်နိုင်ကြသေးတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ကမာရွတ်မြို့နယ်၊လှည်းတန်း အမှတ် (၅) အခြေခံပညာအထက်တန် းကျောင်းမှာ ယနေ့ ကျောင်းမတက်ကြတဲ့ ကျောင်းသား၊ကျေ ာင်းသူ (၈၀)ရာခိုင်နှုန်း ရှိတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd#original writer